Arc7-6

2.2K 276 8
                                    

Zawgyi

" ကျွန်​​တော်​လက်​မခံနိုင်​ဘူး??? ဒီကလူ​တွေအားလုံးကကျွန်​​တော့်​အတွက်​ ဖြစ်​တည်​​နေကြလို့ဘယ်​သူ​ပြောတာလဲ?? မဟုတ်​ဘူး..သူတို့ကသူတို့ဘာသာ တည်​ရှိ​နေမှုပဲ ကျွန်​​တော့်​အတွက်​..ကျွန်​​တော့်​အတွက်​ဘယ်​သူကမှ မရှိ​ပေးနိုင်​ဘူး..ဒါ​ကြောင့်​ ဒီဖန်​တီးမှုကိုဘယ်​သူအပြစ်​​ပြောချင်​လဲ?? _"

နာကြီးမှု​ကြောင့်​ထွက်​​ပေါ်လာသည့်​စကားတို့​ကြောင့်​ ထိုသူတို့ဆီမှစကားသံသည်​မည်​သည်​မျှထွက်​မလာ​ချေ...။မျက်​လုံးထဲတွင်​​ထိုသူတို့မျက်နှာများသည်​ မမြင်​ရ​လောက်​​အောင်​ပင်​​ဝေဝါး​နေ​သော်​လည်း..........မိမိအ​ပေါ်မယုံကြည်​သည့်​ မျက်​ဝန်းများသည်​​တော့ ထင်​ရှား​နေသည်​....။

အဆုံးထိထိုသူတို့သည်​ မိမိအ​ပေါ်ယုံကြည်​​နေသကဲ့သို့တည်​ရှိ​ပေးကြသည်​....။အမှန်​သည်​ ထိုသူတို့ယုံကြည်​ရာသည်​ မိမိ၌မဟုတ်​သည်​ကိုသိခဲ့ရသည်​....။

ဒါဆိုဘာလဲ??? ဘယ်​အရာကမိမိအား​နှောက်​ယှက်​​နေသနည်း_??

" ကိုယ်​မင်းကိုယုံကြည်​တယ်​​လေ??_"

မိမိမသိနိုင်​သည့်​ထိုသူသည်​ မိမိအားယုံကြည်​သည်​တဲ့...မဟုတ်​ဘူး
ထိုသူသည်​လည်း မိမိအားတွန်းချချင်​သည့်​သူထဲတွင်​ပါသည်​....။

" မဟုတ်​ဘူး_??"

'လူတိုင်းသည်​ မင်း​အောင်​မြင်​​နေချိန်​ မင်းကို ထိုင်​ကန်​​တော့​စေချင်​​ရင်​​တောင်​ သူတို့ပြုလုပ်​​ပေးကြလိမ့်​မည်​...။
မင်းကျရှုံးရက်​​တော့ ထိုသူတို့သည်​ မင်းကိုသူတို့ဖိနပ်​တွင်​ကပ်​​နေသည့်​သဲမှုန်​​လောက်​​တောင်​ဂရုစိုက်​မည်​မဟုတ်​​ချေ...။

ထို့​ကြောင့်​မိမိရည်​ရွယ်​ချက်​သည်​​အောင်​မြင်​ချင်​သည်​....။
ဘာလို့မ​အောင်​မြင်​ရမည်​နည်း.??

သို့​သော်​ မိမိ​အောင်​မြင်​မှုသည်​ တစ်​ခြားသူ​ကြောင့်​ဖြစ်​တည်​ခဲ့သလို ကျရှူံးမှုသည်​ ထိုသူ​ကြောင့်​ဦးတည်​ခဲ့သည်​....။

" ကိုယ့်​နာမည်​ Lucas Willow!!_"

အ​တွေးထဲဝင်​လာသည့်​နာမည်​.....။ထို့ပြင်​ အ​တွေးတို့က​ဝေဝါးကာ ဟာလာဟင်းလင်းဖြစ်​​နေ​ဆဲ....မှတ်​မိသည်​က ထိုသူသည်​အဆိုးဆုံး​သောမိမိမယုံကြည်​သည့်​သူ.....။မဟုတ်​ဘူး..အဆိုးဆုံးမိမိကိုမယုံကြည်​သည့်​သူ.....​​သေချာသည်​က ထိုသူသည်​မိမိအားမုန်းတီး​နေသည်​.....။

Devil System(U+Z)Where stories live. Discover now