Arc-5-7

3.2K 342 0
                                    

Zawgyi.....

Zhan Quတစ်​​ယောက်​​ကောင်​​လေးတစ်​​​ယောက်​အား​စောင့်​ကြည့်​​စေရန်​လွှတ်​ထားသည့်​လူဆီမှဖုန်းအား​ဖြေပြီး​နောက်​​ရောက်​ချလာသည့်​ညီမဖြစ်​သူ.....။

မိမိအတွက်​တစ်​ဦးတစ်​​ယောက်​တည်းသာရှိ​တော့သည့်​​ဆွေမျိုး​ပေမို့​​စောင့်​​ရှောက်​ထားခြင်း.....။

အစက​တော့ညီမ​လေးကိုသာ​စောင့်​​ရှောက်​​ပေးမည်​ဟုဆိုကာ​နေ​သော်​လည်း....အမြဲမက်​​နေတတ်​သည့်​အိပ်​မက်​တို့က​ခေါင်းထဲ၌တဝဲလည်​လည်​.....။

ထိုအထဲတွင်​မှမျက်​ဝန်းတစ်​စုံတို့ကပို၍ထင်း​နေ​စေသည်​......။
မိမိ၏အသိတို့ထဲတွင်​လဲထိုအရာတို့ကရင်းနှီးလွန်းလှသည်​။မိမိမြတ်​နိုးခဲ့ဖူး​သောအကြည့်​မျိုးတို့.....။ဆုံးရှုံးဖူး၍အ​ပျောက်​မခံနိုင်​ဖြစ်​ရသည်​အထိ......။

ထိုပုံရိပ်​​ယောင်​​လေးထဲတွင်​မိမိအားနာကျင်​​စေသည်​တို့က
လှပလွန်းသည့်​မျက်​ဝန်းပြာတို့ပိတ်​ကျသွားသည့်​အချိန်​.....။

ထပ်​ပြီးအဆုံးရှုံးမခံနိုင်​သည့်​ထိုသူသည်​မိမိ၏အိပ်​မက်​ထဲတို့တွင်​ဝိုးတဝါးပုံရိပ်​တို့သာ......။

မည်​သူမှန်းမိမိ​သေချာမသိခဲ့​သော်​လည်း.....တစ်​​နေ့အိမ်​ထဲသို့​ရောက်​လာသည့်​​ကောင်​​လေးတစ်​​ယောက်​​ဆီမှရသည့်​ရင်းနှီးလွန်းသည့်​အ​ငွေ့အသက်​တို့.......။

မေ့လဲသွားသည်​မို့နိုးလာလျှင်​​မေးရန်​ပြင်​ထား​သော်​လည်း....
နှုတ်​မှထွက်​သွားသည်​တို့ကရန်​စကားသာ......။

ကောင်​​လေးနိုးမလာခင်​စုံစမ်းထားသည်​တို့က
A Yue အားဒုက္ခ​ပေး​နေသည့်​Lu cao ဆိုသည့်​သူနှင့်​ရင်းနှီး​နေသည်​......။

ကောင်​​လေးနှင့်​မ​တွေ့​တော့သည့်​​နောက်​ပိုင်းအိပ်​မက်​တို့ကဆက်​လာသည်​.....။ထိုပြင်​အိပ်​မက်​တီု့ကပိုမိုပီပြင်​လာသည်​....။
နာမည်​​ရောစကားအသုံးအနှုန်းတို့​ရော​ခေတ်​ကာလတို့ကပါ​ပြောင်းလဲ​နေသည့်​အချိန်​တို့....​ပြောင်းလဲမှုကတိုင်းမိမိနှင့်​မစိမ်းသက်​ပဲရှိ​နေပြန်​သည်​.....။

Devil System(U+Z)Where stories live. Discover now