Real Life-3

1.5K 167 3
                                    

Zawgyi

လက်​ထဲမှ​ပေပွ​နေသည့်​ချိုင့်​ကတရမ်းရမ်းဖြင့်​ လွတ်​​နေသည့်​မိမိနှင့်​​မျက်​နှာချင်းဆိုင်​သည့်​ခုံတွင်​ဝမ်းသာအားရဝင်
ထိုင်​​လေသည်​.....

ထို့​နောက်​ထိုင်​ထိုင်​ချင်းနားကြပ်​အားတပ်​ကာအိပ်​​ပျော်​သွားဟန်​ရှိသည့်​ထိုသူသည်​ အအိပ်​လဲဆတ်​သည်​ထင်​၏ ​ဘေးနားတွင်​လာရပ်​သည့်​ဘုန်းဘုန်းအားချက်​ချင်း​နေရာ​ပေး​လေသည်....

အစကသတိမထားမိ၍ထင်​သည်​ ရုတ်တရက်​ပွင့်​လာချိန်​တွင်​မြင်​ရသည့်​မျက်​ဝန်းပြာပြာတို့က မိမိအားချက်​ချင်းရင်​ကိုအခုန်​မြန်​​စေလာသည်​...
တဒုတ်​ဒုတ်​ဖြင့်​စည်းချက်​မကျစွာခုန်​လာ​သော​ကြောင့်​ အသက်​ကို​ဖြေး​ဖြေးချင်းရှူသွင်းလိုက်​ပြီး တပ်​ထားသည့်​Maskအားခနချွတ်​ကာရင်​ဘတ်​ကိုအုပ်​ကိုင်​လျက်
တည်​ငြိမ်​​အောင်​လုပ်​ရသည်​...

'မင်းဘာဖြစ်​​နေတာလဲ ​​စောထက်​​နောင်​ သတိထားစမ်း_´

ပထမ​တော့ ကပြားဟုထင်​ထားသည့်​ထို​ကောင်​​လေးသည်​ မိမိတို့တက်​သည့်​​ကျောင်း​တော်​ကြီးတွင်​သာဆင်းသွားသည်​...

တော်​​တော်​နဲ့မဆင်း​သေးပဲထို​ကောင်​​လေးသွားသည့်​​နောက်​ကိုသာအဆက်​မပြတ်​လိုက်​ကြည့်​​နေမိသည်​...တစ်​ခုခုကထိုသူ့ဆီမှအကြည့်​ကိုမခွာချင်​​အောင်​မိမိကိုဆွဲ​ဆောင်​​နေသ​ယောင်​ပင်​...

နောက်​တွင်​​တော့ ထိုသူထိုင်​ခဲ့သည့်​ခုံ​ပေါ်​နေရာအ​ရောက်​တွင်​​တော့ ပိုင်​ရှင်​မဲ့​နေသည့်​ထမင်းချိုင့်​သည်​​နေရာယူထားသည်​..

ထို​ပေါက်​စ၏နာမည်​​ရောမည်​သည့်​​မေဂျာတွင်​တက်​သည်​ကိုပါမသိ
သော​ကြောင့်​မည်​သည်​ကိုသွားပို့ရမည်​မှန်းလဲမသိ​ချေ...

ကံကြမ္မာသည်​မိမိအားထို​ပေါက်​စနှင့်​​နောက်​တစ်​ခါ​တွေ့နိုင်​​အောင်​စီစဉ်​​ပေးထားသည်​ထင်​၏...ချိုင့်​​ပေါ်တွင်​ဖုန်းနံပါတ်​တစ်​ခုက​နေရာယူထားသည်​...ပထမ​တော့
မည်​သို့​သောသူမျိုးကချိုင့်​တွင်​ဖုန်းနံပါတ်​ကို​ရေးထားနိုင်​သနည်း??
သို့​ပေမဲ့လဲ ထို​ရေးထားသည့်​သူကိုပဲ​ကျေးဇူးတင်​ရမလိုပင်
မိမိဆက်​သည့်​ဖုန်းနံပါတ်​ပိုင်​ရှင်​သည်​ထိုမျက်​ဝန်းပြာကိုပိုင်​ဆိုင်​ထား
သည့်​ ​ပေါက်​စပင်​ဖြစ်​​နေ​လေသည်​...

Devil System(U+Z)Where stories live. Discover now