Real Life-14

1.1K 95 6
                                    

Zawgyi

" ငါမင်းကိုသတိမရဘူး "
နှုတ်​ဖျားက​ယောင်​ရမ်း​အော်​မိ​လေ​တော့ ပွင့်​လာသည့်​မျက်​ဝန်းနှင့်​အတူ နှာဖူးထက်​​ဝေ့ဝဲ​နေသည့်​​ချွေးစတို့...

သူမကို​တွေ့လို့စိတ်​ရှုပ်​ရသည်​ထက်​ သူမ​ခေါ်ရာ​နောက်​သို့အပြုံးနှင့်​လိုက်​​နေမိသည့်​မိမိပုံကိုပင်​..
အ​တွေးတို့ကစုံ​နေ​လေပြီဖြစ်​​စော​ကြောင့်​​ခေါင်းကိုခပ်​ကြမ်းကြမ်းခါလိုက်​ပြီး ​ဘေးမှခုံ​ပေါ်တွင်​တင်​ထားသည့်​​ရေကိုတစ်​ဗူးလုံး​မော့​သောက်​လိုက်​သည်​...

အနည်းငယ်​တည်​ငြိမ်​သွားဟန်​ရှိသည့်​နှလုံးခုန်​နှုန်း​ကြောင့်​သက်​ပြင်းချလိုက်​ကာ အိပ်​ရာထက်​ပြန်​လဲလိုက်​၏......

သူ၏မျက်​လုံးတို့ပြန်​မှိတ်​သွားချိန်​တွင်​အရိပ်​တစ်​ခုက အ​မှောင်​ကိုခိုကာကြည့်​​နေ​လေသည်​...ထိုအရိပ်​​ပျောက်​ကွယ်​သွားချိန်​မှာ​တော့ ပြန်​လည်​ပွင့်​လာသည့်​ မိုးပြာ​ရောင်​မျက်​ဝန်းတစ်စုံ..

မှောင်​ရိပ်​ကျ​နေသည့်​ထို​နေရာကိုကြည့်​ရင်းသူ၏နှုတ်​ခမ်းပါးတို့ကအနည်းငယ်​​​ကွေးလာ၏.....

'ကစားပွဲမှာ​ပျော်​ရွှင်​ပါ​စေ ညီမ​လေး´

စိတ်​ထဲကသာဆိုမိလိုက်​သည့်​စကားသံ!!

.............................................................

အ​ရှေ့မှဖ​ယောင်းတိုင်​ကိုစိုက်​ကြည့်​လျှက်​ပြုံး​နေ​သည့်​သူမသည်
ကိုယ်​အတွင်ူမှလဲအနက်​​ရောင်​ကိုယ်​​ရောင်​တို့ကထွက်​​နေပြန်​​သေးသည်​...

မှန်​ထဲမှ​ပေါ်​နေသည့်​သူမ၏ပုံရိ​ပ်​ကိုကြည့်​လျှက်​ နှုတ်​ခမ်းသားကအနည်းငယ်​​ကွေးတက်​ကာ

" သိပ်​မလို​တော့တာမို့ ငါ့အတွက်​နာကျင်​ခဲ့ရတဲ့နင့်​ကို​ကျေးဇူးဆပ်​ချင်​တယ်​ အဟမ်း..နင့်​ကို​ကတိတည်​​ပေးချင်​တာထက်​ သူ့ကိုကလဲ့စား​ချေချင်​တယ်​ဆိုရင်​ငါ့အတွက်​ပိုမှန်​​နေလား?? ဒီဘဝမှာသူကငါ့အတွက်​မလိုတာမို့ အချစ်​ကိုမှားယွင်းစွာ​ပေါက်​ဖွား​စေတဲ့နင်​ကပဲသူ့ကိုငါ့အစား​စောက်​​ရှောက်​ရင်းကုန်​ဆုံးသွား​ပေါ့ ငါ့အတွက်​ကလဲ့စား​ချေဖို့ကလွဲပြီးကျန်​တာ​တွေကမလိုတာမို့..."

Devil System(U+Z)Where stories live. Discover now