Devil System

38.8K 1.2K 31
                                    

မည်​သူသိ​နိုင်​မည်​နည်း.....မိမိကိုယ်​ကိုဘယ်​သူမှန်းမသိ..မျက်​လုံးပွင့်​လာသည်​နှင့်​မျက်​လိုက်​ရသည်​တို့ကစိတ်​ကို​​ထွေပြားလာ​စေသည်​.....။

ကောင်းကင်​တစ်​ခွင်​၌လင်း​နေပါ​သော်​လဲ....​​နေ့ခင်းနှင့်​မတူပဲ...လတစ်​စင်းသာရှိ​နေသည်​....လရှိ​နေ၍ညဘက်​ဟုလဲမ​ပြောနိုင်​ပြန်​..
အဘယ်​​ကြောင့်​​ဆို​သော်​​နေ့တစ်​မျှထွန်းလင်း​နေပြန်​သည်​....

မိမိ​ရောက်​​နေသည့်​​နေရာသည်​​မည်​သည့်​​နေရာမှန်းမသိ​သော်​လည်းစိတ်​ထဲ​အေးချမ်းလှသည်​...
မိမိ၏မျက်​လုံးအစုံးအားမှိတ်​၍သဘာဝ၏နူးညံ့မှုကိုခံစား​နေလိုက်​သည်​...

ထိုစဉ်​စူးရှလာ​သောအသံကြီးကနားထဲသို့ဝင်​​ရောက်​လာသည်​...

"Devil system မှကြိုဆိုပါတယ်​.....HostမှDevil systemကို​ရွေးချယ်​သည့်​အတွက်​​ကျေးဇူးတင်​ပါတယ်​.."

"အား....!!!"

နာစထဲသို့ဝင်​လာ​သောစက်​ရုပ်​လိုအသံကြီးကစူးလှ၍နားနှစ်​ဖက်​ကိုပိတက်​ကာ​အော်​လိုက်​သည်​....

သို့​သော်​လည်းအသံကဆက်​၍ထွက်​​နေ​သော​ကြောင့်​နားကိုပိတ်​လျှက်​​မေးလိုက်​သည်​....

" ဘာလဲ...ခင်​ဗျားဘယ်​သူလဲ "

" မင်္ဂလာပါ..host ..Devil systemကကြိုဆိုပါတယ်​.."

"System?.."

Systemဟူ​သောအသံကြားသည်​နှင့်​လန့်​သွား​လေသည်​...
ဘာလဲ..systemဆို​တော့ငါကဘာလဲ...ငါဘယ်​​ရောက်​​နေတာလဲ!!

"ဒါက systemတစ်​ခု...hostက system ထဲ​ရောက်​​နေ​တော့စဉ်းမျည်းအတိုင်းကစားပွဲ​တွေ​ဆော့ရပါ​မယ်​..
အဲ့အတွက်​စည်းကမ်း​တွေလဲရှိပါတယ်​."

နေပါအုံး...သူကငါ​ပြောတာကြားလို့လား!!

"ကြားပါတယ်​.host.. hostကဒီsystemထဲ​ရောက်​လာပြီးဆို​တော့ကျွန်​​တော်​တို့ကတစ်​စိတ်​ထဲဖစ်​သွားပါပြီ:"

"ဒါဆို...ငါက​ရောမင်း​တွေး​နေတာဘာလို့မကြားရတာလဲ.."

Host၏အ​မေး​ကြောင့်​systemပင်​မျက်​လုံးပြူးသွားသည်​...
အယ်​မှားလို့ငါကမျက်​လုံးပြူးစရာမှမရှိတာ...😛😛

Devil System(U+Z)Where stories live. Discover now