Arc8-6

1.5K 239 11
                                    

Zawgyi

Ameliaသူ့​ရှေ့မှထွက်​လာပြီး​နောက်​တွင်​​တော့ သူမ၏အမူအရာသည်​လုံးဝကို​ပြောင်းလဲသွား​တော့သည်​...

ထိုသူမည်​သည့်​အတွက်​​ကြောင့်​ဤသို့ပြုမူ​နေရခြင်းကိုမိမိ​သေချာသိသည်​...

" နင်​က​ရောက်​​နေပြီိဆို​တော့လဲကြိုဆိုရတာ​ပေါ့ _"

.............................

Asteroမျက်​လုံး​ရှေ့တွင်​​တွေ့ရသည့်​သူ​ကြောင့်​ ​သေချာ​တွေး၍မရပဲ​နောက်​မှသိသည်​က ​မိမိ​စွမ်းအားတိုး​စေရန်​​လေ့ကျင့်​​နေရင်းဖြင့်​ ငါ့အရင်​ဘဝကိုပြန်​မြင်​​နေရတာလား?? ဟုသာသို့​သော်​လည်း မိမိအား​သေချာ​စေသည်​ကမိမိယခု​ကောက်​​နေသည့်​​နေရာသည်​ ​တောင်​ကုန်းတစ်​ခု​ပေါ်၌ မိမိရပ်​​နေသည့်​​နေရာတွင်​နီ​စွေး​စွေးအရွက်​တို့ဖြင့်​ပြည့်​​နေသည့်​သစ်​ပင်​........ပတ်​ဝန်းကျင်​တစ်​ခုလုံးသည်​​တော့စိမ်းစို​နေ၏!_

သူမသည်​မိမိဘက်​သို့​ရောက်​လာပြီး​နောက်​ အနူးညံ့ဆုံးပြုံးပြ​လေ​သည်​....မိမိမှတ်​ဥာဏ်​ထဲ၌ရှင်​သန်​​နေသည့်​သူမသည်​ဤကဲ့သို့မဟုတ်​...

" Linda?_"

မဟုတ်​မှန်းသိ​သော်​လည်း မ​သေချာ​သောစကားလုံးတို့ဖြင့်​သူမအား​ခေါ်လိုက်​သည်​!

" Oh..ကိုကိုကညီမ​လေးကိုမှတ်​မိ​သေးတာပဲ ဒါ​ပေမဲ့အခု​တော့Lindaမဟုတ်​ဘူး​နော်​Amelia ဒါလဲညီမ​လေးအတွက်​အခွင့်​အ​ရေးပဲလား?? ကိုကို့ကို​ရော Lucasကို​ရော​နောက်​တစ်​ခါပြန်​​တွေ့ရတာ _"

" Lucas ?_"

ထိုအခါတွင်​​တော့သူမသည်​အဓိပ္ပါယ်​ပါသည့်​မျက်ဝန်တို့ဖြင့်​မိမိအားပြုံးပြလိုက်​ပြီး အနားကိုကပ်​လာ​လေသည်​...

" ကိုကိုသိလား?! သူကကိုကို့ကိုအရမ်းမုန်း​နေတာ အခုကိုကိုလုပ်​​ပေး​နေတာ​တွေကိုသူက​လေ မကြိုက်​ဘူးတဲ့ _"

သူမသည်​​အေးစက်​သည့်​​လေသံတို့ဖြင့်​ဆိုလိုက်​ပြီး​နောက်​​တော့ မိမိအား​နောက်​တစ်​​ခေါက်​ပြန်​ကြည့်​လာသည်​...
ဤတစ်​ခါ​တော့ရင်းနှီးဟန်​မရသည့်​မျက်​ဝန်းတို့ကမိမိအား​စောင့်​ကြို​နေ၏....

Devil System(U+Z)Where stories live. Discover now