Arc7-12

2K 277 6
                                    

Zawgyi

" ပါး..ကျွန်​​တော်​လက်​ထပ်​​တော့မယ်​!!_"

" ဟင်​??_"

မိမိ၏စကားအားတုန့်​ပြန်​လာသည့်​ထိုသူနှစ်​ဦး...။

" ဟုတ်​တယ်​ !!"

" အဲ့ဒါဘယ်​သူလဲ ဘယ်​သူ့သမီးလဲ??_"

အ​ဖေဖြစ်​သူ၏အ​မေး....​ဘေးမှArikaသည်​​တော့ထို​မေးသံ၏အဆုံးတွင်​​ခေါင်းငြိမ့်​​ထောက်​ခံလာသည်​...။

" ကျွန်​​တော်​ပါ!!_"

" ဟမ်​??_"

အိမ်​ထဲသို့ဝင်​လာရင်း​ဖြေသည့်​ထိုသူသည်​မိမိ​ဘေးမှလွတ်​​နေသည့်​​နေရာသို့ဝင်​ထိုင်​ကာစကားကိုဆက်​​လေသည်​...။

" ဒီလိုအံအားသင့်​စေမိလို့​တောင်းပန်​ပါတယ်​ လူကြီးမင်းဟန်​!!"

'အခုမှအိမ်​ကိုတံခါးမရှိဓားမရှိဝင်​ထွက်​​နေတာပဲ တကယ်​ကိုအရှက်​မဲ့တဲ့လူ ´

" မင်းကဘယ်​တုန်းကTadatsuနဲ့ရင်းနှီးသွားတာလဲ??_"

မိမိအစ်​ကိုဖြစ်​သည့်​Arikaတစ်​​ယောက်​သူ၏​ရှေ့မှရှန်းစီနျန်​အားစိုက်​ကြည့်​ကာ​မေးလိုက်​ခြင်း....။

" အို..ရင်းနှီးလွန်းလို့အခုလက်​ထပ်​ဖို့အထိဖြစ်​သွားတာ​လေ!!_"

" ဒါ​ပေမဲ့ငါနဲ့အ​ဖေကလက်မခံရ​သေး​ဘူး​လေ_!!"

" ကျွန်​​တော်​လက်​ထပ်​ရမဲ့သူ့ကိုအရင်​ကိုယ့်​ဘက်​ပါ​အောင်​လုပ်​ထားရမှာ​လေ မဟုတ်​ရင်​ လူကြီးမင်းဟန်​နဲ့ဒီကArikaကို​ပြောပြီးမှသူ့ဆီကပ်​ဖို့ကဘယ်​အဆင်​​ပြေမလဲ?? ကျွန်​​တော့်​ချစ်​သူ​လေးကစိတ်​ကွက်​သွားမှာဆိုးလို့_!!"

ထိုအခါတွင်​​တော့Arika၏အကြည့်​သည်​မိမိဆီသို့​ရောက်​လာ​လေသည်​...။

" မင်းဘက်​က​ရောလက်​ခံလိုက်​ပြီလား??_"

မိမိမ​ဖြေခင်​ ရှန်းစီနျန်​ ၏ မိမိဘယ်​ဘက်​လက်​အားဆွဲယူကာ သူ၏လက်​နှင့်​ယှဉ်​တွဲ​စေသည်​...။ထို့​နောက်

" သူကလက်​မခံရင်​ဒီလိုဝတ်​ထားပါ့မလား ​ယောက်​ဖကြီးရဲ့??_"

Devil System(U+Z)Where stories live. Discover now