Real Life-16

1.3K 111 11
                                    

Zawgyi

'​ဒေါက်​ ​ဒေါက်​'

Keyboard ထက်​​ပြေးလွှား​နေသည့်​လက်​တို့ကတံခါး​ခေါက်​သံ​ကြောင့်​ရပ်​တန့်​သွား၏.. ဘာမျှပြန်​​မ​ဖြေ​သော်​လည်းပွင့်​လာသည့်​တံခါးသံ​ကြောင့်​ မည်​သူမှန်း​သေချာသိ​လေပြီဖြစ်​သည်​..

ထိုအခါတွင်​ဂရုစိုက်​​မ​နေ​လေ​တော့ပဲ လုပ်​လက်​စကိုဆက်​လက်​​လုပ်​​နေလိုက်​၏...

မိမိအန်​တီ​လေးတို့ဆီ​ရောက်​လာတည်းမှစ၍အခန်းထဲသို့မည်​သူဝင်​ပါ​စေအသိ​ပေးပြီးမှဝင်​တတ်​သည်​မို့ ဤလူသည်​​တော့တံခါး​ခေါက်​သံအဆုံးတွင်​ဝင်​လာခြင်း​ပေ...
နိုင်​ငံခြားတွင်​မိခင်​နှင့်​ရှိခဲ့စဉ်​ကသူမ၏အမူအကျင့်​​ပေမို့ အထူးတလည်​လှည့်​မကြည့်​လျှင်​ပင်​မည်​သူမှန်းသိ​နေ​လေပြီဖြစ်​၏..

" အ​ကြောင်းကိစ္စရှိလို့လား??_"

" အို..ကိုယ့်​သားဆီလာတာပဲ​လေ _အ​ကြောင်းအရင်းလား??လို​သေးလို့လား_"

" ​ပြောချင်​တာကို​ပြောပြီးထွက်​သွား​ပေးလို့ရမလား?ကျွန်​​တော်​အလုပ်​ကိုအာရုံစိုက်​လို့မရဘူး_တကယ်​လို့​ပြောစရာမရှိရင်​လည်းထွက်​ချင်​တဲ့အချိန်​တံခါးကိုပြန်​ပိတ်​သွား​ပေးပါ~_"

ထိုအခါသူမသည်​မည်​သည်​ကိုမှဆက်​၍မဆို​တော့ပဲ အတန်​ကြာတိတ်​ဆိတ်​​နေပြီးမှနာမည်​တစ်​ခုကိုထုတ်​​ပြောလာ၏...

" မင်းခဦး!!~"

နောက်​ပို​င်းလှုပ်​ရှားမှုမရှိ​တော့သည့်​လက်​​ချောင်းတို့​ကြောင့်​သူမထံမှတိုးညှင်းလှသည့်​ရယ်​သံကထွက်​လာ​လေသည်​..​စောထက်​​နောင်​​ခေါင်းကိုတစ်​ဖက်​လှည့်​လိုက်​လျှင်​လှပလွန်းသည့်​မိမိသ​ဘောကျရသည့်​မိခင်​၏အပြုံးချိုတို့ကစီးကြို​နေပြန်​သည်​...

" ဟက်​~~ သူက​အ​ရေးကြီးပုံပဲ_​မေ​မေ့ကိုအ​ရေးမလုပ်​တဲ့သူကအခုလိုအ​ရေးပြန်​​ပေးလာပုံ​ထောက်​ရင်​ သူက​မေ​မေ့အတွက်​သားမက်​​ကောင်းဖြစ်​နိုင်​မယ်​ထင်​တယ်​_"

" ​မေ​မေဘာကို​ပြောချင်​တာလဲ??_"

" ငါ့သား​လေလိုပြစ်​ချက်​မရှိတဲ့သူ​လေးကိုဘယ်​သူကများလက်​မခံပဲငြင်းရဲရတာလဲ_"

Devil System(U+Z)Where stories live. Discover now