Real life-5

1.3K 153 13
                                    

Zawgyi

ခိုအာလာ၏ဆွဲ​ခေါ်လာမှုအဆုံးတွင်​​တော့ အထည်​ဆိုင်​​ရှေ့ကိုတန်းတန်းမတ်​မတ်​​ရောက်​​နေပြီဖြစ်​သည်​..

ဆိုင်​ထဲဝင်​ခါနီးတစ်​စုံတစ်​ဦး၏ဆွဲလှည့်​မှုကိုခံရခြင်းနှင့်​အတူ အကြည့်​တို့ကထိုသူ၏မျက်​ဝန်းတို့နှင့်​ဆုံ​လေသည်​....

မျက်​မှန်​ကိုတပ်​ထားကာ တည်​ကြည်​ပြီး​အေးစက်​သည့်​မျက်​ဝန်းတို့သည်​မိမိကို​နွေး​ထွေးစွာ
ကြည့်​​လေသည်​...ထို့ပြင်​ထိုသူ၏မိမိကိုထိ​တွေ့ထားသည့်​လက်​က
စွမ်းအားတစ်​ခုခု ommစိတ်​ထင်​တာများလား??

အ​တွေးစကိုဖြတ်​​တောက်​ပြီး အ​ရှေ့မှလူကို​မေးလိုက်​သည်​..

" အာအစ်​ကိုကဒီကိုလာတာလား?? တိုက်​ဆိုင်​လိုက်​တာ?? _"

" omm ဟုတ်​တယ်ကိုယ်​ကတစ်​လတစ်​ခါဒီကိုလာဖြစ်​တယ်​​လေ
အမြဲလာ​နေကျဆိုင်​ပဲဆိုပါ​တော့_"

" ဟုတ်​လား..မထင်​ထားဘူး ​ဒါ​ပေမဲ့​တော့ဝတ်​တာမ​တွေ့ဖူးဘူး​နော်​ _"

" omm....ဟုတ်​တယ်​ အိ​မ်​မှာပဲဝတ်​တာများတယ်​ ကိုယ်​​ကျောင်းကိုမဝတ်​ဘူး​လေ_"

မင်းခဦးထိုသူ၏အနည်းငယ်​မတည်​ငြိမ်​ထြစ်​သွားသည့်​မျက်​ဝန်းတို့ကို​သေချာကြည့်​​နေမိသည်​...သို့​သော်​လည်းခနသာ ချက်​ချင်းကိုနဂို​အေးစက်​သည့်​ တည်​ငြိမ်​ငြိမ်​အကြည့်​ကပြန်​၍​နေရာယူသွား​လေ​တော့သည်​...

.................................................

ကောင်းကင်​၌တိမ်​တို့ကင်းစင်​လွန်းသည်​..ကြယ်​ဟူ၍အနည်းဆုံးလက်​ချိုးရယ်​လိုပင်​ရ​နိုင်​​လောက်​အောင်​နည်းပါးလှသည်​.. လမင်းသည်​အ​နောက်​သို့တ​ဖြေး​ဖြေးပြန်​ဆုတ်​လာ​သော​ကြောင့်
ပြည့်​ဝန်း​နေသည့်​​နေရာမှယခုဆိုလုံးဝ​ပျောက်​ကွယ်​သွား​တော့မယ်​အထိ​သေးကွယ်​စွာတည်​ရှိ​နေသည်​...

အ​ကြောင်းအရာမယ်​မယ်​ရရမရှိထို​ကောင်းကင်​ကို​ငေးကြည့်​ရင်း
လက်​​ချောင်းနှစ်​​ချောင်းကြားတွင်​​နေရာယူထားသည့်​​ဆေးလိပ်​မှမီး
သည်​အ​မှောင်​ထဲတွင်​ထင်​ရှားလှသည်...ပြာတို့ကစုအုံလာပြိီဖြစ်​တာ​ကြောင့်​ လက်​ညိုးကိုအသုံးပြုလျက်​တစ်​ချက်​ခါလိုက်​သည်​...လွင့်​စင်​သွား​သောပြာတို့သည်​​တော့ တစ်​ချို့တစ်​ဝက်​သည်​ မြက်​ခင်း​ပေါ်တွင်​​နေရာယူသွားကာတစ်​ချို့သည်​​တော့ ​လေ၏​ခေါ်​ဆောင်​သွားမှု​နောက်​သို့ မည်​သည်​​နေရာမှန်းမသိသည့်​​နေရာသို့ပါသွား​လေသည်​......

Devil System(U+Z)Where stories live. Discover now