Arc8-8

1.5K 203 5
                                    

Zawgyi

Asteroသူမ​ခေါ်​ဆောင်​သည့်​​နောက်​သို့လိုက်​​နေခဲ့၏..အချိန်​အ​တော်​ကြာ​ပျောက်​​နေခဲ့သည့်​လမ်းတို့သည်​ သူမ၏​ခေါ်​ဆောင်​မှုအဆုံးတွင်​​တော့ ခနအတွင်းအလင်းဆီသို့​ရောက်​သွား၏....

" မင်းကိုယ်​နဲ့အ​ပေးအယူလုပ်​ချင်​လား_"

" အ​ပေးအယူကဘာလဲ?!_"

သူမသည်​ခပ်​လွင်​လွင်​ရယ်​လိုက်​ပြီး​နောက်​တွင်​​တော့စကားဆက်​ဆို​လေသည်​...

" ok..ဒါဆိုမင်းဘက်​က​နေပြီး​တော့ ကိုယ့်​ကိုတစ်​ခု​ပေးရလိမ့်​မယ်_"

Asteroခန​တွေ​ဝေမှုအဆုံးတွင်​​တော့ သူမ၏စကားကိုလက်​ခံလိုက်​၏..

" အိုး..မင်းကတကယ့်​ကိုသတ္တိရှိတဲ့သူပဲ..ဘာဖြစ်​ဖြစ်​ပါ အခုမင်းကကိုယ့်​ကိုကတိ​ပေးလိုက်​ပြီဆို​တော့ သိပ်​မကြာခင်​မင်းနဲ့ဒီ​နေရာမှာပြန်​ဆံချိန်​ကြရင်​မင်းဆီကကိုယ်လိုချင်​တာကိုလာယုရလိမ့်​မယ်​ မင်းမှတ်​မိပြီး​တော့ ကိတည်​​နေအုံးမယ်​လို့ကိုယ်​ထင်​ပါတယ်​ _"

ထို့​နောက်​​တော့သူမသည်​ အလင်းတန်းတစ်​ခုအဖြစ်​​ပျောက်​ကွယ်​သွား၏..မ​ပျောက်​ကွယ်​သွားခင်​​တော့မိမိ၏နှာဖူးအားညင်​သာစွာတို့ထိလိုက်​​လေသည်​....

......................................

Asteroအိပ်​မက်​မှနိုးလာသူကဲ့သို့မျက်​ဝန်းတို့ပွင့်​လာပြီး​နောက်​တွင်​​တော့ မိမိ​ရှေ့​စောင့်​​​နေသည့်​Organကို​တွေ့ရသည်​​ဘေးတွင်​​တော့Steven ပင်​..

" အရှင့်​ကိုနှုတ်​ခွန်းဆက်​ပါတယ်​ _"

ထိုသူနှစ်​ဦးသည်​တစ်​ပြိုင်​တည်းနှုတ်​ဆက်​ပြီး​နောက်​တွင်​​တော့ Stevenကဆိုလာ၏..

" ကျွန်​​တော်​အရှင့်​နားမှာအနီးကပ်​​စောက်​​ရှော့က်​ချင်​ပါတယ်​ _"

" ဘယ်​လို?!_ငါစိတ်​ရှုပ်​ရတာမကြိုက်​ဘူး..ဒါ​ကြောင့်​Organကို​တောင်​အနားမှာမထားဘူး _တကယ်​ဆိုမင်းကိုကိုးကွယ်​သူကိုကိုယ်​တိုင်​ရှာနိုင်​တယ်​ ဒါဆိုမင်းကငါ့ကိုသီးသန့်​​စောင့်​​ရှောက်​​နေစရာမလိုပဲ ကိုယ်​တိုင်​ခွဲထွက်​နိုင်​တယ်​​လေ _"

Devil System(U+Z)Where stories live. Discover now