Arc7-7

2.1K 292 11
                                    

Zawgyi

" ဒါကဒီ​နေ့ပွဲရဲ့ အဓိကလူပါ စစ်​နိုင့်​လျန်​ လို့​ခေါ်တယ်​မင်းတို့ကိုပွဲငှါးတဲ့သူ​ပေါ့_"

" ​တွေ့ရတာဝမ်းသာပါတယ်​_"

အစ်​မရွဲ့​ဟွေ၏မိတ်​ဆက်​မှုပြီး​နောက်​ အဖွဲ့မှ​ခေါင်း​ဆောင်​တစ်​ဖြစ်​လဲ Arikaကမိတ်​ဆက်​လိုက်​သည်​...။

" ကိုယ့်​ပွဲမှာမင်းတို့အ​ကောင်းဆုံးတင်​ဆက်​​ပေးနိုင်​ဖို့်​မျှော်​လင့်​ပါတယ်​_"

မိမိတို့တစ်​ဖွဲ့လုံးအားကြည့်​လိုက်​ကာ ​နောက်​ဆုံးအကြည့်​တို့သည်​ မိမိထံ၌မြဲ​နေ​လေသည်​....။

" ဒါဆိုကျွန်​​တော်​တို့ ပြင်ဆင်​စရာ​တွေရှိ​သေး​တော့ ခွင့်​ပြုပါအုံး..."

အားလုံးကစင်​အ​နောက်​ဘက်​ဦးတည်​​နေ​သော်​လည်း..မသွားနိုင်​​သေးပဲ​ငေးကြည့်​​နေသည့်​ မိမိတို့၏အငယ်​ဆုံး​လေးသို့
လက်​ကိုဆွဲကာသာ​ခေါ်လာလိုက်​သည်​....။

" ​တော်​သင့်​ပြီမထင်​ဘူးလား??စီးစီး._"

မိမိစကားကိုမကြားဟန်​တစ်​ခုခုကိုစဉ်းစား​နေသည့်​သူမ...အ​တော်​ကြာမှသာ စကားထ​ပြော​လေသည်​...။

" ညီမ​ပြောတယ်​​လေ A3မှာသွား​ဖျော်​​ဖြေတုန်းက အစ်​ကိုတစ်​​ယောက်​က​ငေး​နေပါတယ်​လို့..အခုမှသတိရတယ်​ သူကစစ်​နိုင့်​လျန်​လား???_သူ့ကိုအဲ့ကစီနီယာ​တွေပဲထင်​တာ..._"

" ဟမ်​?_"

" နင်​ဘာကို​ပြော​နေတာလဲ??_"

ထိုအခါ​မေးလိုက်​သူက​တော့ အဖွဲ့၏  မန်​​နေဂျာဖြစ်​သူအစ်​မရွဲ့​ဟွေပင်​...။

" ကျဲကလဲ? ဟိုA3မှာသွားပြီး​ဖျော်​​ဖြေတဲ့​နေ့တုန်းက​လေ...အဲ့မှာ အစ်​ကိုတစ်​​ယောက်​ကTadatsuကို​ငေး​နေတာ ညီမတစ်​​လျောက်​လုံးကြည့်​​နေတာ​တောင်​ သူကပြီးတဲ့အထိTadatsuကိုကြည့်​​နေတာပါဆို_??"

" ကဲ..စီးစီးနင်​အ​တွေးလွန်​​နေပြန်​ပါပြီ..ဘယ်​သူမဆို idolကို​တွေ့ရင်​နည်းနည်း​တော့ကြည့်​မှာပဲ...ဒါကိုနင်​ကဘာဖြစ်​​နေတာလဲ??_"

" ဟွန့်​_!!"

အကုန်​လုံး၏စကားများအဆုံးတွင်​​တော့ နှုတ်​ခမ်း​လေးဆူ၍သာ
တစ်​ခြားဘက်​လှည့်​ကာ ပြင်​ဆင်​​နေ​တော့သည်​....။

Devil System(U+Z)Where stories live. Discover now