Arc1-1

22K 972 18
                                    

ကူး​ပြောင်း​သောအသံကြားသည်​နှင့်​မျက်​လုံးအစုံကအ​မှောင်​ကျသွားသည်​...

ထို့​နောက်​...ဦး​​ခေါင်း​မှစူးခနဲနာကျင်​မှုကိုပါခံစားလိုက်​ရသည်​....
Systemကူး​ပြောင်းခြင်းကဤကဲ့သို့နာကျင်​မှုမျိုး​တွေးပင်​မကြည့်​ခဲ့ဖူးပါ.......

"Royan.....မင်းဒီကိစ္စကိုဘယ်​လို​ဖြေရှင်းချက်​​ပေးမှာလဲ..."

မျက်​လုံးဖွင့်​လိုက်​သည်​နှင့်​မြင်​လိုက်​ရ​သောလူတစ်​စု...​အတိအကျ​ပြောရလျှင်​​တော့၂၀​ကျော်​ဝန်းကျင်​ပင်​..ထိုအထဲမှRoyanဟု​၍​မေး​သောလူတစ်​​ယောက်​က​တော့အားလုံးထဲတွင်​အသက်​အကြီးဆုံးပုံ​ပေါက်​သည်​...။

သြဇာအာဏာအရှိဆုံးဖြစ်​ပုံရသည်​...အခန်းထဲတွင်​ရှိ​သောလူအားလုံး၏အထက်​အမြင့်​ဆုံးခုံ​ပေါ်တွင်​​နေရာယူကာ..​မေး​နေ​လေသည်​...ဟုတ်​ပါသည်​...မိမိအထင်​မှန်​လျှင်​ဤ​နေရာသည်​တရားစစ်​​ဆေးရာ​နေရာဖြစ်​သည်​..။

စစ်​​မေးခံ​နေရသူမှာတစ်​ခြားလူမဟုတ်​မိမိဝင်​​ရောက်​​နေရ​သောခန္ဓာကိုယ်​ပင်​ဖြစ်​သည်​...။

ဒါဆိုထိုလူ၏အမည်​မှာRoyanဖြစ်​သည်​..စစ်​​မေး​ခံ​နေရသည့်​အ​ကြောင်းကို​တော့မသိ​သေး​ချေ...မူလပိုင်​ရှင်​သာသိ​ပေမည်​..။

အခန်းထဲမှလူမျသံသယဝင်​မည်​စိုး၍​အေး​ဆေးသာ​နေလိုက်​သည်​...မျက်​နှာတွင်​​တော့စိတ်​ပျက်​ခြင်းအမှုအရာကိုလဲမပြ..။

[De...ဒီ​နေရာကဘယ်​​နေရာလဲ...အချက်​အလက်​​တွေေ​ပး​တော့​လေ..ငါကဘာပြန်​​ဖြေရမှာလဲ..]

[အခု​တော့​ပြောလို့မရ​သေးပါဘူး...host...သူတို့​မေးသမျှမ​ဖြေပါနဲ့...အလွဲ​တွေဖြစ်​သွားနိုင်​လို့..အခု​တော့ငြိမ်​​နေ​ပေးပါ..hostမ​ဖြေ​သေးရင်​သူတို့ဘာမှလုပ်​လို့မရပါဘူး..အားလုံးပြီးရင်​အချက်​အလက်​​တွေလွှဲ​ပေးပါမယ်​]

De၏​ပြောစကား​ကြောင့်​မသိချင်​​ယောင်​သာဆက်​​ဆောင်​ထားလိုက်​​လေသည်​...ထိုအခါမှ​ဘေးတွင်​​နေရာယူ​နေကြ​သောလူအုပ်​ကြားထဲမှတစ်​​ယောက်​ဆီကစကားသံကြားလာရ​လေသည်​...။

Devil System(U+Z)Where stories live. Discover now