Real Life-6

1.5K 151 7
                                    

Zawgyi

" ​မေ​မေ တကယ်​ကြီးသွားမလို့လား??_"

မ​နေ့တည်းကတဂျီဂျီ​မေး​နေ​သောမိမိကို ​မေ​မေသည်​တကယ်​ကိုစိတ်​ရှည်​ပုံမရ​တော့​ချေ....

" ဟုတ်​တယ်​လို့​ပြော​နေတယ်​​လေ ဘယ်​လိုဖြစ်​ပြီးခနခန​မေး​နေတာလဲမင်းခရယ်​ _"

" ​မေ​မေကလဲ ​ဗြုန်းစားကြီးဘုရားဖူးသွားမယ်​ဆို​တော့ ပြီး​တော့ ရက်​ကလဲဆယ်​ရက်​ကြီးများ​တောင်​ သားကိုဘယ်​သူချက်​​ကျွေးမှာလဲ??_"

" အပိုကလုပ်​ပြန်​ပြီ နင့်​အ​ဒေါ်လာ​နေ​ပေးလိမ့်​မယ်​ ဟိုကလဲနင့်​ကိုဆိုသဲသဲလှုပ်​ ပူမ​နေနဲ့ ငါလဲနင့်​ကိုစိတ်​မချဘူး အခုကငါ့မိတ်​​တွေ​တွေကလဲ​ခေါ်​နေတာ နင့်​ကိုစိတ်​မချလို့သာငြင်းငြင်း​နေရတာ အခု​တော့ စံပယ်​မှုံလဲ အားတယ်​ဆို​တော့ ငါ့အတွက်​အ​တော်​ဖြစ်​သွားတာ _"

စံပယ်​မှုံဟု​ခေါ်သည့်​မိမိအ​ဒေါ်အပျိုကြီးအ​ကြောင်း​ကောင်း​ကောင်းသိတာ​ပေါ့ အပျိုကြီးဆိုတဲ့အတိုင်းပစိပစပ်​ကများပါ​ပေ့ ပြီး​တော့ စည်းကမ်းကလဲကြီး ​မေ​မေနဲ့ဆိုးပြီးသွားလာခဲ့သမျှ သူမ၏တားမြစ်​သံ​တွေကအိမ်​ထဲမှာကက်​ဆက်​သံဖြစ်​​တော့မှာ​လေ
မေ​မေ့ကိုလဲမသွား​စေချင်​​သည့်​စိတ်​ကတစ်​ဝက်​ရှိ​ပေမဲ့ တစ်​ဝက်​က​တော့ အ​ဒေါ်ဖြစ်​သူနှင့်​​နေလျှင်​​သေ​အောင်​ချုပ်​ခြယ်​ခံရမည့်​အတွက်​သာ...
ပြီး​တော့လဲသွားမည်​ကဆယ်​ရက်​ကြီးများ​တောင်​ တစ်​ရက်​တ​​လေ လာလည်​ရင်း မိမိကိုတရားပြသည်​ကို​တောင်​နားမခံနိုင်​သည်​မို့ ဆယ်​ရက်​သာဆိုလျှင်​ ​မေ​မေပြန်​လာလျှင်​ မင်းခဦးအသက်​ပင်​ရှိ​လေမည်​လား??!

" ဟာ..စိတ်​ညစ်​ပါတယ်​​မေ​မေရယ်​ _"

မင်းခဦးတကယ်​ကိုငိုချင်​လာပြီဖြစ်​သည်​...

"  ငါအသက်​ကြီးပြီ​မောင်​မင်းခဦး​ရေ့​ကုသိုလ်​လုပ်​ဖို့သွားတာ ဒင်းကတားချင်​​နေတယ်​  ကျွန်​မ​သေရင်​ရှင်​ပါလာမှာမဟုတ်​ဘူး ကျွန်​မအခုလုပ်​မဲ့ကုသိုလ်​​တွေပဲပါလာမှာ နားလည်​လား??_"

Devil System(U+Z)Where stories live. Discover now