Real life-2

1.6K 173 2
                                    

Zawgyi

" ​ရောက်​​တော့​နောက်​ကျမှ ပြီးရင်​ဟိုစာ​လေးပြအုံဒီစာ​လေးပြအုံးနဲ့ ​နောက်​ဆုံး​တော့ငါ့ကိုကျပ်​ကျပ်​​စော်​ကားသိလား??_"

Ptအခန်းထဲမှထွက်​ထွက်​ချင်းကြားရသည့်​သူငယ်​ချင်းဖြစ်​သူ၏​ပေါက်​​ပေါက်​​ဖောက်​သံ..အထဲမှာလဲစာမရလို့ဆရာမကိုအရိပ်​တကြည့်​ကြည့်​လုပ်​ရင်းသူ့ဆီစာ​လေးကြည့်​ပါတယ်​ ​ပြောလို့ကိုမပြီးနိုင်​တော့​ချေ..တကယ်​ဆိုသူ့ဆီကအမြဲမကြည့်​ပါဘူး..Pt​ဖြေတဲ့အချိန်​​လောက်​ပဲကြည့်​တာကို _!

" မင်းကလဲ ငါစာမကြည့်​လာလို့​လေ_"

ထိုအခါတွင်​​တော့ထိုသူ၏မျက်​​စောင်းကမိမိထံသို့ဒိုင်းခနဲ​ရောက်​ချလာသည်​...

သွားကိုဖြဲပြီးသုံးဆယ့်​နှစ်​​ချောင်းလုံး​ပေါ်​အောင်​ရယ်​ပြလိုက်​ပြီး​နောက်​တွင်​​တော့

" ရပါတယ်​ ဒီ​နေ​တော့ငါကမင်းကိုဒကာခံမယ်​​တွေးထားတာ အခု​တော့မင်းကငါ့ကိုစိုတ်​ဆိုး​နေ​တော့လဲ ဘယ်​တတ်​နိုင်​မလဲ_"

ရှေ့မှ​ကော့​တော့​ကော့​​တော့ထွက်​သွားသည့်​ သူငယ်​ချင်းအားသူ့၏အားနည်းချက်​ကိုကိုင်​​လေ​တော့ ချက်​ချင်း​နောက်​ပြန်​​လျောက်​ကာမိမိထံ ​ပေကလပ်​​ပေကလပ်​လုပ်​၍လက်​ကိုလာဆွဲ​တော့သည်​..

" ဒါ​ကြောင့်​ငါကမင်းကိုစိတ်​မဆိုးနိုင်​တာ မင်းကငါ့ရဲ့တစ်​ဦးတည်း​သောသူငယ်​ချင်းပဲစိတ်​ဆိုးလို့ဖြစ်​ပါ့မလား?_ဒါနဲ့ခုန​ပြောတာတကယ်​​နော်​ _"

ဟုတ်​တယ်​ဟူ​သောသ​ဘော​ဖြင့်​​ခေါင်းကိုငြိမ့်​ပြလိုက်​ကာကန်​တင်းကို​ခြေလှမ်းစ​တော့သည်​.. ဒီ​နေ့​တော့မိမိကြိုက်​တဲ့ထမင်းလိပ်​ကိုပါအချိုတည်းရမယ်​ ဟူ၍​တွေးကာအဆုံးသတ်​ကဗိုက်​ကတဂွီဂွီမြည်​လာ​ကာဆန္ဒပြလာခြင်း​ပေ..

" အန်​တီ​ရေမှာမယ်​ _"

" ခါတိုင်းလိုပဲလား??_"

Ptချိန်​နှင့်​Tutorialအချိန်​မှသာအတန်းထဲရှိတတ်​သည့်​မိမိတို့၏
အတန်းချိန်​ပြည့်​သည့်​​နေရာသည်​ဤ​နေရာပင်​ ထို့​ကြောင့်​ အသံကြားသည်​နှင့်​ ဆိုင်​ရှင်​ဖြစ်​သည့်​အန်​တီကမကြည့်​ပဲလှမ်း​ပြော​လေ​တော့သည်​..

Devil System(U+Z)Where stories live. Discover now