Real Life -12

1K 108 9
                                    

Zawgyi

ယ​နေ့တွင်​​တော့နှိုးစရာမလိုပဲနိုး​နေသည့်​မိမိကိုကြည့်​၍ အံသြ​နေပုံရသည့်​မိခင်​သည်​ စကားဆိုလာသည်​..

" ကြားသားမိုးကြိုး မနှိုးရပဲကိုယ်​​တော်​ကနိုး​နေတယ်​ဆို​တော့ ကျွန်​မထီပဲထိုးရ​တော့သးမလို _"

ကိုယ့်​အ​ကြောင်းနှင့်​ကိုယ်​မို့အိပ်​မ​ပျော်​နိုင်​ပဲ ဒီရက်​ပိုင်းအတွင်း ​နေ့စဉ်​ဖြစ်​​ပေါ်လာသည့်​အိပ်​မက်​​ကြောင့်​တစ်​ခါတစ်​ရံလူသည်​ရူးမ​ယောင်​ပင်​.....

မိမိအိပ်​မက်​ထဲတွင်​အမြဲပါ​နေသည့်​သူသည်​မိမိဟူ​သောအ​တွေးကလဲမယုံကြည်​နိုင်​စွာပင်​ဝင်​​ရောက်​​နေသည်​....

ဒါဆိုမိမိ၏မတူညီ​သောပုံစံဖြင့်​ရှိ​နေချိန်​တွင်​မိမိအား​နွေး​ထွေး​စေခဲ့သည်​သူသည်​ မည်​သူနည်း??ဟူ​သောအ​တွေးတို့ကလဲဒွန်​တွဲ​နေသည်​..

'ကျွန်​​တော့်​ကိုနာကျင်​​စေတဲ့သူက ခင်​ဗျား​တော့မဟုတ်​ဘူးမလား?´

" သားအိပ်​မ​ပျော်​လို့ _"

မေ​မေသည်​စားလက်​စကိတ်​ကိုရပ်​တန့်​ပြီး​ကော်​ဖီအနည်းငယ်​​သောက်​ကာစကားစ၏....

" အိပ်​မ​ပျော်​တာလဲ​မ​ပြောနဲ့​လေ တစ်​​နေ့တစ်​​နေ့စာလုပ်​တာထက်​ဂိမ်းကပိုအချိန်​​ပေး​နေတာကို အခု​တော့ဘယ့်​နှယ့်​ရှိစ??_"

ဘာကိုမျှသိပုံမရသည့်​​မေ​မေသည်​ မိမိကိုဆူလျှက်​သာ..​မိခင်​ဖြစ်​သူမရိပ်​မိ​စေရန်​အလို့ငှါ မျက်​နှာကိုပြုံးရင်းစကားဆက်​ဆိုသည်​..

" ​​မေ​မေကလည်းဂိမ်း​ဆော့တယ်​ဆိုတာ ​ခေါင်းကိုဘယ်​​လောက်​​ကောင်း​စေတယ်​ဆိုတာသိလား??_"

" ဘယ်​လို ? ကြား ကြားဖူး​ပေါင်​ မင်းခဦးရယ်​ တစ်​​နေ့တစ်​​နေ့လဲရှင့်​ရယ်​မရိုးနိုင်​တဲ့အတ္ထုပ္ပတိ​တွေနား​ထောင်​ပြီး ကျွန်​မလဲ ဥာဏ်​​တွေဖွံဖြိုး​နေပါပြီ _"

" ဟား ဟား..ဟားဟား! !_"

မေ​မေ့၏စကားကိုကြားပြီးအရာအားလုံး​မေ့ကာကယ်​ပြစ်​လိုက်​သည်​..
မဟုတ်​သည့်​ကိစ္စတစ်​ခုအတွက်​စိတ်​ညစ်​ခံ​နေရန်​အမှန်​မလိုအပ်​​ပေ..

Devil System(U+Z)Where stories live. Discover now