Real Life-4

1.4K 162 5
                                    

Zawgyi

ယ​နေ့​တွေ့ရသည့်​သူသည်​ မည်​သည့်​အ​ကြောင်း​ကြောင့်​မှန်းမသိ မိမိ၏ရင်​အစုံကိုငြိမ်းချမ်း​စေလျက်​​နွေး​ထွေး​စေ​နေသည်​...

မည်​သို့ခံစား​နေရသည်​ကို​သေချာ​ဖော်​မပြတတ်​​သော်​လည်း
သေချာသည်​က​တော့ ထိုသူသည်​မိမိနှင့်​စိမ်းသက်​မ​နေ​ပေ အချိန်​ကြာရှည်​စွာမိမိနှင့်​နှီးစပ်​ခဲ့ဖူးသူဟူ​သောအ​တွေးကတစ်​ခါတစ်​ရံရူးမိုက်​စွာဝင်​လာတတ်​​သေးသည်​...

" ထမင်းမစားပဲ​လျောက်​​တွေး​နေပြန်​ပြီ_"

ထမင်းဝိုင်းတွင်​ ဇွန်းကိုကိုင်​လျက်​​အ​တွေးလွန်​​နေသည့်​မိမိအား​ခေါင်းထက်​မှ​အောင့်​ခနဲဖြစ်​သွားသည့်​ လက်​သံကပစ္စုပ္ပန်​ကို​ရောက်​​စေရန်​ပြန်​​ခေါ်လိုက်​သည်​...

" အ့!! နာတယ်​အ​မေရ_ပြီး​တော့လဲ​တွေးတာမဟုတ်​ပါဘူးဟိုစစဒီစစနဲ့စိတ်​ကတစ်​ခြား​နေရာ​ရောက်​သွားရုံပါ_"

" ​ပြောလိုက်​ရင်​ဟိုဆင်​​ခြေဒီဆင်​​ခြေနဲ့အခုချက်​ချင်းထမင်းစား_ပြီးရင်​ ဂိမ်း​ဆော့ဖို့မစဉ်းစားနဲ့​နော်​ အိပ်​ရာဝင်​ဖို့တခါတည်းလုပ်​ ပြီးရင်​မနက်​ကျရင်​ဟို​နောက်​ကျဒီ​နောက်​ကျနဲ့_"

" အ​မေ့ !!_ မနက်​ဖြန်​ကပိတ်​တယ်​​လေစ​နေ​နေ့ကြီးကိုဘယ်​သွားရမှာလဲ??_"

ထိုအခါမှအ​မေ့ရဲ့​ပေ​စောင်း​စောင်းအကြည့်​ကဒိုင်းကနဲ​ရောက်​လာ
တော့သည်​....

ဆက်​​ပြောရဲ​ပြောကြည့်​စမ်း!​သေမယ်​ဆို​သောအကြည့်​_
ထိုအခါတွင်​​တော့ မျက်လုံးကိုထမင်းပန်းကန်​​ပေါ်တွင်​သာထားရင်း
စား​နေရ​တော့သည်​..

သေချာတာ​ပေါ့ မနက်​ဖြန်​မိမိအိမ်​ကပ်​ရန်​အစီစဉ်​မရှိ_!!

ဒါကိုမသိသည့်​မာတာမိခင်​ကြီးက​တော့စား​သောက်​ပြီးသည့်​ပန်းကန်​တို့အား​ဆေး​ကြော​နေ​တော့သည်​...

................................................

ကျောင်းပိတ်​တိုင်းနှိုးစရာမလိုတဲ့မျက်​ဝန်းတို့ကသံပတ်​လိုပင်​_!7နာရီဆိုတာနဲ့ပွင့်​​လေပြီ.......နိုးနိုးချင်း​ခုံး​ပေါ်တင်​ထားသည့်​​ရေကိုဦးစွာ​သောက်​လိုက်​သည်​..
စိတ်​ကြည်​သွားတာ​သေချာမှ​ရေချိုးခန်းကိုဝင်​လိုက်​သည်​..

Devil System(U+Z)Where stories live. Discover now