Arc8-4

1.7K 241 19
                                    

Zawgyi

ဤ​နေရာနှင့်​ရင်းနှီး​အောင်​အချိန်​အများကြီးမလို​ပေ...
မိမိသည်​အ​မှောင်​ကိုယ်​စားပြုသူဖြစ်​နေ​သော်​လည်း မိမိမြင်​​နေရသည့်​ခန္ဓာကိုယ်​၏အ​ငွေ့အသက်​သည်​ ​အေးချမ်း​နေ​သေးသည်​...တကယ်​ဆိုမိမိဤဘဝကိုသ​ဘောကျသည်​..

(​ပြောချင်​တာကကွာ အ​မှောင်​ဆို​ပေမဲ့ ခန္ဓာကိုယ်​ရဲ့စွမ်းအား​တွေက​ဒေါသ​တွေနဲ့ပြည့်​မ​နေ​သေးဘူး​ပြောတာပါ  )

" အရှင့်​ကိုနှုတ်​ခွန်းဆက်​ပါတယ်​ "

အသံအဆုံး​နောက်​Organ​ပေါ်လာ၏..ထိုဓ၏​ဘေးတွင်​​တော့ခပ်​ငယ်​ငယ်​​ကောင်​​လေးတစ်​​ယောက်​ကပါလာ​လေသည်​....

" Steven?_"

ထိုသူသည်​မိမိအားအရင်​ပုံစံကဲ့သို့ဆက်​ဆံမ​နေ​ပေ...
Organအားဘာဖြစ်​တာလဲဟူသည့်​အဓိပ္ပါယ်​မျက်​ဝန်းတို့ဖြင့်​ကြည့်​လိုက်​သည်​...

" Steven မင်းသွားလို့ရပြီ မင်းတစ်​ခုသိရမှာကအရှင့်​ကိုအသက်​​ပေးပြီးကာကွယ်​​ပေးရမယ်​ _"

" ဟုတ်​ကဲ့ _"

ထိုသူသည်​မိမိအားနှုတ်​ဆက်​ပြီး​နောက်​Organကိုပါနှုတ်​ဆက်​ကာထွက်​သွား​လေသည်​..

ပုံစံသည်​​တော့​အေးစက်​ကာ လူ​သေတစ်​​ယောက်​ကဲ့သို့...

" သူ့ပုံကဘာလဲ Organ ?_"

" အရင်​ကမှတ်​ဥာဏ်​​တွေသူ့မှာမရှိ​တော့ဘူး "

" ဒါက​ရောဘာကိုဆိုလိုတာလဲ? _"

" သူကအခုအရှင့်​ကိုကိုးကွယ်​ပြီးအလုပ်​အ​ကျွေးပြုမဲ့သူဖြစ်​သွားပါပြီ လူတစ်​​ယောက်​ကနတ်​ဘုရားဖြစ်​ဖို့အခွင့်​အ​ရေးမရှိ​တော့ဘူးဆိုရင်​ သူ​ရွေးချယ်​တဲ့အ​ပေါ်မူတည်​ပြီးသူ့ရဲ့မှတ်​ဥာဏ်​ကိုပုံ​ဖော်​ရပါတယ်​ ဥပမာနတ်​ဘုရားမဖြစ်​နိုင်​​တော့တဲ့သူတစ်​​ယောက်​မှာ​ရွေးချယ်​စရာနှစ်​ခုပဲရှိပါတယ်​ သာမန်​လူအဖြစ်​​နေထိုင်​မလား? အ​မှောင်​ကိုကိုးကွယ်​ပြီး​တော့​နေမလား? အနည်းဆုံး​တော့ သူကစဉ်းစားမဲ့တယ်​​ပြောရမလား အ​မှောင်​ကိုးကွယ်​သူအဖြစ်​​ရွေးချယ်​လိုက်​တယ်​ တစ်​ခုရှိတာကအ​မှောင်​ကိုကိုးကွယ်​သူတိုင်းက​အေးစက်​သွားတတ်​တယ်​ ရက်​စက်​လာတတ်​တယ်​ သူ့ရဲ့စိတ်​ကသူ့ကိုဒီကို​ရွေးချယ်​​စေခဲ့တယ်​​လေ _"

Devil System(U+Z)Where stories live. Discover now