Arc5-4

3.9K 398 6
                                    

Zawgyi

ရုံးထဲသို့ဝင်​လာသည့်​လူတစ်​ဦးအား​တွေ့၍အခန်းတွင်းရှိလူအားလုံးရုတ်​ရုတ်​သဲသဲဖြစ်​ကုန်​၏......။

' ဘယ်​လိုဖြစ်​တာလဲ....´

'ငါအမြင်​မှားတာလား...´

' တစ်​သက်​နဲ့တစ်​ကိုယ်ဖုန်းနဲ့ပဲအစည်းအ​ဝေး​ခေါ်ပြီး​ပြောတတ်​တဲ့သူကအခုရုံးကိုလာတာလား....´

အခန်းတွင်းရှိလူတို့သည်​တစ်​​ယောက်​တစ်​​ပေါက်​တတွတ်​တွတ်​ဆိုလျက်​....နှုတ်​မှထွက်​မလာနိုင်​သည့်​စကားတို့ကထိုလူ၏အရှိန်​​ကြောင့်​နှုတ်​ခမ်းဖျားမဟုတ်​​လေဘူးလည်​​ချောင်းအတွင်း၌ပင်​​ပျောက်​သွားသည်​.....။

" Fei luကို​ပြီးရင်​အခန်းထဲကိုလွှတ်​လိုက်​....."

" ဟုတ်​..ဟူတ်​ကဲ..."

ဘေးမှဝန်းထမ်းတစ်​ချို့၏အထစ်​ထစ်​အ​ငေါ့​ငေါ့​ဆိုသံ....။

သူတို့၏bossသည်​ရုံးသို့လာသည်​မှာပထမဆုံးဖြစ်​​သော်​လည်းအရာရာကိုသိ​နေသူအဖြစ်​​ဆောင်​ရွက်​သွားသည်​......။

ထိုသူအားအပြင်​၌တစ်​ခါမျှမ​တွေ့ဖူး​ချေ.....အပြင်​၌မ​တွေ့ဖူးသည့်​သူ့ကို​တွေ့ရာသူ​ဠေးဟု​ခေါ်ခြင်းဟုဆိုရာလဲမဟုတ်​​ချေ......အစည်းအ​ဝေးအချိန်​တိုင်း၌vc​ခေါ်၍သာအလုပ်​များကိုညွှန်​ကြားတတ်​သူ......။

ထိုvcနှင့်​ပင်​​တွေ့သမျှလူတိုင်း၏စိတ်​အား​ကြောက်​ရွှံမှု​လေးစားမှုတို့အားလွှမ်းခြုံနိုင်​သည်​.....။

အသက်​ငယ်​ငယ်​ရွယ်​ရွယ်​ဖြင့်​ထိုသူကအရာအားလုံးကိုထိန်းချုပ်​နိုင်​သည့်​သူ......။

အခုဆိုလျှင်​မိမိတို့၏Comapnyသည်​Aနိုင်​ငံတွင်​နံပါတ်​တစ်​စားရင်းဝင်​ပင်​ဖြစ်​သည်​.....။

Aနိုင်​ငံတွင်​အကြီးဆုံးWen groupကပင်​​ကြောက်​ရသည့်​တစ်​ဦးတည်း​သော​နေရာ.....။

" ဪ..ဒါနဲ့ငါစုံစမ်းခိုင်းထားတဲ့ဟာ​ကိုပါတစ်​ခါတည်းလူလာခိုင်းလိုက်​"

" အာ.ဟုတ်​ကဲ့.."

မိမိတို့​ရှေ့မှထပ်​မံဆိုလာသည့်​ထိုလူ​အေးကြီး၏စကား​ကြောင့်​အသိတို့ကပြန်​ဝင်​လာ၏.......။

Devil System(U+Z)Where stories live. Discover now