Chapter-2 (Part 2)

3.6K 582 24
                                    

 

UNICODE

ပြီးတော့ရှောင်ရွှမ်းသောက်ဖို့ လက်ဖက်ရည်‌အေး*ထည့်‌ပေးလိုက်တယ်။  
[* ဆေးဘက်ဝင်တဲ့လက်ဖက်ရည်မျိုး,herbal tea]

"တော်တော်ပူတယ်‌နော်‌ " ရှောင်ရွှမ်းက အူးယမ်ရှိတဲ့ တိုက်လှေကားပေါ်ကိုတက်လာရတာဖြစ်တာ‌ကြောင့်‌ချွေး‌တွေ‌အရမ်းထွက်နေတယ်။သူ့လက်ထဲမှာ ယပ်တောင်ကိုကိုင်ထားရင်း အူးယမ်ကိုကိုစိုက်ကြည့်ကာ

"ဆရာ လေအေးပေးစက်မတပ်ထားဘူးလား?" 
  
"အင်း၊ ငါ့မှာလျှပ်စစ်ပန်ကာပဲရှိတယ် ခဏစောင့် ဖွင့်ပေးမယ်"
Nan High ကရတဲ့လစာသည်မဆိုးသော်လည်းအူးယမ်ကတစ်လလုံးဒီအလုပ်တစ်မျိုးပဲလုပ်တာဖြစ်တယ်။ လစဉ်လစာဘယ်လောက်ပဲရရ အကန့်သတ်နဲ့သုံးရတာဖြစ်တယ်။ နွေရာသီကုန်ခါနီးပြီဟုတွေးကာသူကလေအေးပေးစက်တပ်ဖို့ကိစ္စကိုနောက်နှစ်သို့တွန်းပို့ခဲ့တယ်။

fuck., ခုတော့ကောင်းရော!

ရှောင်ရွှမ်းက လျှပ်စစ်ပန်ကာ အဟောင်းလေးကိုကြည့်ပြီး အမြင့်ဆုံး Setting ချိန်ကာသူ့ဘက်သေချာမှုတ်ထုတ် လိုက်တယ်။  အူးယမ်က  သတိမထားမိဘဲ သူ့စာအုပ်အိတ်ထဲက အရာတွေကိုသာစိတ်ပူနေတယ်၊

"မင်းဘာစာအုပ်တွေယူလာတာလဲ? ငါကြည့်ကြည့်မယ်လေ ,အာ …ဒီစာအုပ်ကစဖို့နည်းနည်းခက်ပုံပဲ ... "

စာရှင်းပြတာကချောချောမွေ့မွေ့နဲ့ပြီးသွားတယ်။  အချို့ခက်တဲ့နေရာတွေဆိုရှောင်ရွှမ်းက သေသေချာချာမှတ်ထားတယ်။သူကအလွန်ထက်မြက်တယ်။ နာခံတတ်တယ်။ အရိပ်အမြွက်ပဲပြောရင်တောင်နားလည်တယ်။ အရိပ်ပြအကောင်မြင်သလိုပေါ့။ သူ့လိုမျိုးကျောင်းသားတွေသာဆို လစာမယူပဲနဲ့ကို သင်လိုက်ဦးမှာ။

(T/N-  အဲ့မှာကိုယ်ဖိရင်ဖိ သေချာသင်ပေးနေလိုက် )

တစ်နာရီကျော်ကြာ ဆက်တိုက်ရှင်းပြပြီးနောက်မှာတော့အနားယူဖို့အချိန်ယူကြရတော့တယ်။  ဒီမိနစ်အနည်းငယ်အတွင်းမှာ အူးယမ်က ရှောင်ရွှမ်း နဲ့မျက်နှာချင်းဆိုင်ဘာလုပ်ရမလဲမသိခဲ့ဘူး၊ ဒါကြောင့်သူကဒီကလေးအတွက်စားဖို့တစ်ခုခုပြင်ဆင်ပေးသင့်တယ်လို့သူထင်ခဲ့တယ်။  ဒါပေမယ့်အိမ်မှာကသရေစာမုန့် မရှိဘူး၊ ဖျော်ရည်တွေ၊ ဆိုဒါတွေ၊ အချိုရည်တွေလည်းဘယ်မှာမှမတွေ့ဘူး၊ ဒါကြောင့်သူကချက်ချင်းJuice powderထဲကိုရေထည့်လိုက်တယ်၊ကျောင်းလီ စားခဲ့တဲ့ဆန်ကိတ်တစ်ခြမ်း*ကျန်တဲ့အိတ်ကိုတွေ့တာနဲ့တစ်ခါတည်းယူလာခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now