Chapter -16 (Part 3)

2.9K 457 57
                                    

Unicode

အခြားလူ​တွေရဲ့အမြင်မှာ သူက လူငယ်​​လေးတစ်​ယောက်ရဲ့ကစားခြင်းနဲ့ပစ်ပယ်ခြင်းကို ခံခဲ့ရတဲ့ သနားစရာလူကြီးတစ်​ယောက်ဖြစ်တယ်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာ​တွေရှိ​နေပြီး သူ့ဘဝတစ်ဝက်ကလည်း ပျက်စီးသွားတယ်။ ထိုးနှက်ချက်က အရမ်းကြီးလွန်းတဲ့အတွက် သူ့စိတ်ခံစားချက်​တွေကို ​ဆက်ပြီး ပြောထွက်ဖို့​တောင် မဝံ့ရဲ​​တော့ပေ။ ဒီလိုမျိုးအရှက်ခွဲတာကို ကြုံရပြီးတဲ့​နောက် သူဟာ ​ကောင်းမွန်ပြည့်စုံတဲ့ဘဝတစ်ခုကို တစ်ဖန်ပြန်လည်ရှင်သန်ဖို့အတွက် ​မျှော်လင့်ချက်​တောင် အများကြီးရှိ​မ​နေ​တော့ဘူး။

အထင်အမြင်​သေးတာကလွဲရင် "ဘယ်​လောက်သနားစရာ​ကောင်းလိုက်သလဲ", "မင်းဘဝမှာ ဒီလို​တွေဖြစ်သွားတာကို ငါ​ကြောက်လိုက်တာ" ဆိုတဲ့ စာနာချက်​တွေကိုသာ သူ ရလိမ့်မယ်။

အခြားလူ​တွေဘယ်​လို​တွေးတယ်ဆိုတာက အ​ရေးမကြီးပါဘူး။ ဒါ​ပေမယ့် ​ရှောင်ရွှမ်းကို​တော့ သူက သနားစရာ​ကောင်းပြီး စက်ဆုပ်ဖွယ်​ကောင်းတယ်လို့တော့ မ​တွေး​စေချင်ဘူးဖြစ်တယ်။

သူက အခုလည်း ​ကောင်း​ကောင်းလုပ်​နေတာပါပဲ။ သူ့မှာ စားဖို့အစားအစာရှိတယ်, ​နေဖို့​နေရာရှိတယ်, ပြီး​တော့ ကြိုကြားကြိုကြားအလုပ်​ (ဘာသာပြန်ရမယ့်ဟာ​တွေက တစ်ခုပြီးတစ်ခု ​ပေါ်လာတာ) လည်းရှိတယ်။ ပြီး​တော့ သူ့ဘဝထဲက​နေ ​​ရှောင်ရွှမ်းကို ဖြတ်ထုတ်ထားနိုင်ခဲ့ပြီဖြစ်တယ်။

သူ့မှာ ချစ်သူတစ်​ယောက်ရှိ​နေသ​ရွေ့ ရှောင်ရွှမ်းက ​လှောင်​ပြောင်စရာ ဒါမှမဟုတ် သနားစရာ​ကောင်းတာ​တွေကို သူ့ဘဝထဲမှာ ရှာ​တွေ့နိူင်စရာ တစ်ခုမှရှိ​နေမှာမဟုတ်ဘူး။

​ကျောင်းလီ စိတ်ပါလက်ပါနဲ့မိတ်ဆက်​ပေးခဲ့တဲ့လူက ဝမ်ယဲ့လို့​ခေါ်တယ်။ သူက ဘလိုင်းဒိတ်ကို အဆင်မ​ပြေ​အောင်လုပ်ဖို့ ဆန္ဒမရှိပါဘူး။ သူတို့တရားဝင်မ​တွေ့ဆုံခင် သူက အူးယမ်ကို ပုံမှန်သူငယ်ချင်း​တွေလို သက်သက်သာသာဆက်ဆံပြီး အွန်လိုင်း​ပေါ်က​နေ အကြိမ်အနည်းငယ်ဆက်သွယ်ခိုင်းခဲ့တယ်။

ပြီး​တော့ သူတို့နှစ်​ယောက် စာ​တွေပို့ပြီး ဖုန်း​တွေ​ပြောကြတယ်။ အချိန်တစ်ချို့ကြာပြီးတဲ့​နောက် နှစ်ဖက်စလုံးက လိုက်ဖက်ညီတယ်လို့ခံစားလိုက်ရကာ စပြီး​တော့အပြင်ထွက်လည်ဖို့ ရည်ရွယ်လိုက်ကြတယ်။ အဲ့​နောက်​တော့ သူတို့တရားဝင်​တွေ့ဆုံဖို့ သ​ဘောတူခဲ့ကြတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now