Chapter-11 (Part 4)

2.8K 509 16
                                    


UNICODE



"ဆရာ , အိပ်ယာထဲကိုမသွားသေးဘူးလား?"

နာရီအတော်ကြာပြီးတဲ့နောက်မှာလဲရှောင်ရွှမ်းက တူညီတဲ့မေးခွန်းကိုပဲ ဆယ်ကြိမ်မြောက်မေးပြီးပြီဖြစ်တယ်။

ဘားကပြန်လာတဲ့ ကျောင်းလီတောင်မှ ဂီတာတီးလေ့ကျင့်တာကိုရပ်ပြီး အရာ၀တ္တုသေးသေးလေးတွေအကြောင်းစဉ်းစားလျှက်ပဲ စောင်အောက်မှာအိပ်ပျော်နေပြီဖြစ်တယ်။အူးယမ်က တော့ထိုင်ခုံမှာထိုင်လျှက် စာအုပ်ကိုစိတ်မပါစွာ ဖတ်နေတုန်း။

"ဆရာ..."

" အင်း! အစောကြီးရှိသေးတယ် ငါနည်းနည်းလောက်ထပ်နေလိုက်ဦးမယ်"

" လုံး၀ကို မစောတော့ဘူး"

ရှောင်ရွှမ်းက သူ့မျက်လုံးတွေကိုပွတ်ပြီးချစ်စရာကောင်းစွာပြောတယ်။

" အတော်လေးကိုနောက်ကျနေပြီ , ဆရာ စာအကြာကြီးဖတ်ထားတာ အနားယူသင့်နေပြီနော်"

အူးယမ် ကစာအုပ်ကိုပြန်သိမ်းလိုက်ဖို့ပဲတတ်နိုင်တော့တယ်။ အိပ်ယာပေါ်မှာ ခွေးလေးလိုမျိုး စောင့်ကြောင့်ထိုင်နေတဲ့ လူငယ်လေးကိုကြည့်ပြီး အနည်းငယ် ရှက်သလိုခံစားရတယ်။

"ဘယ်ချိန်တောင်ရှိနေပြီလဲ? ဒါဆို ငါ့အိပ်ယာမှာ မင်းအိပ်လိုက်တော့ , ငါက ကျောင်းလီနဲ့သွားအိပ်လိုက်မယ်"

"ဆရာ!"

ရှောင်ရွှမ်းက သူ့လက်တွေကို ခြေဖဝါးပေါ်တင်ပြီး မျက်နှာကိုမော့ကာ သူ့ရဲ့ကြီးမားတဲ့မျက်ဝန်းတွေနဲ့ သနားစဖွယ်ကြည့်နေတယ်။

"ဒီလိုမလုပ်ပါနဲ့ ,ကျွန်တော်ကကြမ်းပြင်ပေါ်မှာလည်းအိပ်နိုင်ပါတယ်, ကျွန်တော်နဲ့ တစ်ခန်းထဲမအိပ်ချင်ဘူးလား ဟင်?"

အူးယမ် လည်းဘေးကျပ်နံကျပ်ဖြစ်နေတယ်။ သူဘာပဲလုပ်လုပ် သူ့အတွက် အဆင်မပြေမသက်မသာခံစားရမှာအမှန်ပဲ။

သူ့ခံစားချက်တွေက ပြင်းပြင်းထန်ထန် နာကျင်နေပေမယ့် ရှောင်ရွှမ်းရဲ့ စကားတွေကြားပြီးတဲ့နောက် သူတို့ဟာ နောက်တကြိမ်အတူရှိနေရပြန်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now