Chapter-13 (Part 1)

2.7K 417 7
                                    


UNICODE


နောက်ဆုံးတော့ စာသင်နှစ်ဝက်အသစ်က စတင်ပြီဖြစ်တယ်။ ဒါက ရှောင်ရွှမ်းရဲ့ ကျောင်းနောက်ဆုံးစာသင်နှစ်ပဲဖြစ်တယ်။ လအနည်းငယ်အတွင်းမှာပဲ ရှောင်ရွှမ်းက သူ့တပည့်ဖြစ်မှာမဟုတ်တော့ပေ။

ဒီအကြောင်းကိုစဉ်းစားရင် အူးယမ်တစ်ယောက်အရမ်းပျော်လိမ့်မယ်။ သူတို့နှစ်ယောက်ကြားတိုးတက်မှုနှင့်ဆုတ်ယုတ်မှုဟာ အချိန်ကြာမြင့်စွာထပ်ခါတလဲလဲဖြစ်ခဲ့ပြီး သူ့ကိုစိတ်ပူစေတဲ့ ဆရာနှင့်ကျောင်းသားစိတ်ကူးယဉ်ဆန်ဆန် ဆက်ဆံရေးလည်း နောက်ဆုံးတွင် အနည်းငယ်တိုးတက်လာတော့မှာဖြစ်တယ်။

ရှောင်ရွှမ်း တက္ကသိုလ်တက်ဖို့စောင့်မယ်, ရှောင်ရွှမ်း အသက်ပြည့်ဖို့စောင့်မယ်, ပြီးတော့ ရှောင်ရွှမ်း ကောလိပ်က ဘွဲ့ရတာကိုစောင့်မယ်။ နောက်ပြီး ရှောင်ရွှမ်းက တရားဝင် အလုပ်ရတာကိုစောင့်မယ်။ ဒါက သူ့ဘ၀ရဲ့ အသေးစိတ်အစီအစဉ်ပဲဖြစ်ပြီး သူဖြတ်သန်းခဲ့တဲ့ခြေလှမ်းတိုင်းကို ဂုဏ်ပြုပေးထိုက်တာဖြစ်တယ်။

ညဘက်မှာသူက ရှောင်ရွှမ်း နှင့်အိပ်ခန်းထဲတွင်ပုံမှန်အတိုင်းချိန်းတွေ့တယ်။ အမှန်တကယ်တော့ သူကကွန်ပျူတာဖွင့်ပြီးအစီအစဉ်တကျမရှိဘဲ DVD တစ်ခုကြည့်ဖို့ရယ် နောက်ပြီးသူတို့တစ်ယောက်ကိုတစ်ယောက်မှီပြီး စကားပြောကြမယ်, အစားတွေစားကြမယ် ..... အဲ့လိုလုပ်ဖို့သာအစီစဉ်ရှိတာ။

အထူးသဖြင့်တော့ အားအင်အပြည့်နှင့် အထက်တန်းကျောင်းသားနဲ့သာဆိုရင် အူးယမ် တောင်မှဒီလိုချိန်းတွေ့ပုံကနည်းနည်းပျင်းစရာကောင်းတယ် လို့ခံစားရတယ်။ ဒါပေမယ့် ရှောင်ရွှမ်းက သူနှင့်ချိန်းတွေ့ရန်အလွန်ဆန္ဒမရှိပုံရတယ်။ ဒါ့ကြောင့်မို့လည်းအူးယမ်ကသူ့ကိုအတင်းမတိုက်တွန်းဘူး။

"ဆရာ"

ရှောင်ရွှမ်းက ရုတ်တရက် အူးယမ်လက်ကိုဆုပ်ကိုင်လိုက်တယ်။ ယနေ့ညတွင်သူဟာနေမထိထိုင်မသာဖြစ်နေပုံပေါ်တယ်။ သူစကားပြောနေချိန်မှာတောင် သူ့မျက်နှာကအနည်းငယ်နီနေတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now