Chapter - 23 (Part 2)

3.2K 384 9
                                    

Unicode

ခြေလှမ်းကျဲကျဲနဲ့ အထဲဝင်လာတဲ့လူမှာ မ​ကောင်းတဲ့အမူအယာ​တွေရှိ​နေတယ်။ အူးယမ်ကို မြင်​သောအခါ သူက သိသိသာသာကို အံ့အားသင့်သွားပြီး သူ့အမူအယာက ပို​တောင်မှ ဆိုးရွားလာကာ ​ရှောင်ရွှမ်းကို မျက်နှာချင်းဆိုင်ဖို့ ​ခေါင်းလှည့်လိုက်တယ်, "မင်း ပြန်သွားတာ ဘယ်နှရက်ရှိ​နေပြီလဲ? ဒီဟာက ဟုတ်လို့လား?"

​ရှောင်ရွှမ်းက အူးယမ်ကို တစ်ချက်ကြည့်လိုက်ပြီး​နောက် သူ့ကို ပြန်ကြည့်တယ်, "ကျွန်​တော် ပြန်မသွား​တော့ဘူး"

"ဘာ?" ​ရှောင်တန်ရဲ့အသားအ​ရောင်က ဖြူ​ဖျော့သွားတယ်။ သူ့အသံက​တော့ တည်ငြိမ်​နေတုန်းပဲ, "မင်း ငါ့ကို ပြန်​ပြော​နေတာလား? ငါ မင်းကို ကိစ္စ​သေး​သေး​လေးတွေမှာ အလိုလိုက်​ပေးတယ်, နား​ထောင်သင့်တဲ့အချိန်မှာ​တော့ ​မင်း ဒေါသထွက်​နေလို့မရဘူး​လေ"

​ရှောင်ရွှမ်းက သူ့မျက်လုံး​တွေကို အနည်းငယ်​အောက်စိုက်ချလိုက်ပြီး ​ပြောတယ်, "​အစ်ကို, အစ်ကို ကျွန်​တော့်ကို ခြိမ်း​ခြောက်လို့မရ​တော့ဘူး"

​ရှောင်တန်က ​အေးစက်စွာနဲ့ တစ်ကြိမ်​ ရယ်​မောလိုက်တယ်, "အိုး?"

"​နောက်အပတ် ဘုတ်အဖွဲ့ ရဲ့အစည်းအ​ဝေးမှာ အစ်ကို သိသင့်တယ်, ​နောက်ပိုင်းမှာ အစ်ကို ​နောက်ဆုံး​အ​နေနဲ့ ပြောစရာရှိ​တော့မှာမဟုတ်ဘူး"

​ရှောင်တန်က အံ့အားသင့်သွားပြီး သူ့မျက်နှာက အစိမ်း​ရောင်သမ်းလာကာ သူ့အသံက အနည်းငယ် မတည်မငြိမ်ဖြစ်လာတယ်, "အဲ့ရှယ်ယာ​တွေ မင်းဝယ်လိုက်တာလား?"

​ရှောင်ရွှမ်းက တိတ်ဆိတ်​နေပြီး သူ့ရဲ့ရှည်လျားတဲ့မျက်​တောင်​တွေက အနည်းငယ်​​တောင် မတုန်လှုပ်​နေဘူး။

"မင်း ရူး​နေလား? ငါ အနားယူလိုက်ရင် မင်းက ​ရှောင်းအုပ်စုကို အ​နှေးနဲ့အမြန် အ​မွေရမှာ​လေ, အခု ဘာလုပ်​နေတာလဲ? မင်းက ပုန်ကန်ချင်​တာလား?"

"ကျွန်​တော် အစ်ကို့ရဲ့လက်ဖဝါးထဲမှာ ပုံသွင်းမခံ​တော့ဘူး"

"မင်း ဘာ​ပြောလိုက်တယ်! မင်းက ​​ရှောင်းမိသားစုရဲ့ သား​လေ, ငါ မင်းကို လုပ်ခိုင်းတဲ့ကိစ္စ​တွေက မင်းရဲ့တာဝန်​တွေပဲ မဟုတ်ဘူးလား? ငါလုပ်ခဲ့သမျှက မင်း​ရဲ့အကျိုးအတွက်ပဲ, မင်း​ခေါင်းထဲမှာ ဘာ​တွေ​တွေး​နေတာလဲ?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now