Extra - 2 (Part 1)

3.2K 376 54
                                    

Unicode

Older Brother's Accident
~~~~~~~~~~~~~~~~~~~~~

ပြတင်း​ပေါက်ကိုမှီ​နေတဲ့အမျိုးသမီးက လှည့်ပြီး​တော့ သူ့ကို ပြုံးပြလာတယ်။ သူမရဲ့မျက်နှာက နူးညံ့သိမ်​မွေ့ပြီး ပြုံးလိုက်တဲ့အချိန်ဆို ပါးချိုင့်​ရေး​ရေး​လေးတစ်ဖက်ရှိတယ်။ သူမက အမြဲတမ်း ဆံပင်ကို စည်းထားတယ်။ ဘယ်​လောက်ပဲ ​အေး​နေပါ​စေ, သူမက အမြဲတမ်း ​ခြေဗလာနဲ့ ကြမ်းပြင်​ပေါ်ကို လမ်း​လျှောက်တယ်။

သူမရဲ့​သေးသွယ်​သောခန္ဓာကိုယ်​ပေါ်မှာ ဝတ်ဆင်ထားတဲ့ ရိုးရှင်း​သော ​ချောင်ဆမ်စတိုင်ချည်ထည်ဟာ အနည်းငယ်ကြီးမား​နေခဲ့တယ်။ ​ကော်လံက သူမရဲ့နှင်းဖြူ​ရောင်လည်ပင်းတစ်ဝက်ကို ​လှစ်ဟပြ​နေတယ်။ ပြတင်း​ပေါက်အပြင်ဘက်မှာ​တော့ ပန်း​တွေပွင့်​နေတဲ့ ဇီးသီးပင်တစ်ပင်ရှိတယ်။

​ရှောင်တန်က သူမကို အသံကျယ်ကျယ်နဲ့ ​အော်မ​​ခေါ်ဘဲမ​နေနိူင်ဘူး။ ဒါ​ပေမယ့်လည်း သူ့ရဲ့ပါးစပ်ကို ဖွင့်လို့မရဘူးဖြစ်​နေခဲ့တယ်။ သူ့ရဲ့လည်​ချောင်းက ​​ခြောက်​သွေ့​နေတယ်, "လင်း..."

အန်တီလင်း။ သူဟာ သူမကို ဘယ်တုန်းကမှ ဒီလိုမ​ခေါ်ခဲ့ဘူး။ ဒါဟာ သူတို့နှစ်​ယောက်အကြား ဝေးကွာသွားမှာ စိုးရွံ့မိလို့ပဲ။ ဒါ​ပေမယ့် သူက သူတို့နှစ်​ယောက်ကြားမှာ ရိုးရိုးရှင်းရှင်းဖြစ်ချင်တဲ့အတွက် အရမ်း​လည်းဝေးကွာသွား​စေချင်ခဲ့တယ်။ ဒါမှသာ သူတို့က ​အနည်းငယ်​သောသွေးသား​တော်စပ်မှု​တောင် မရှိ​တော့မှာဖြစ်တယ်။

ဒါဟာလည်း တားမြစ်ချက်တစ်ခုပဲ။ သူတို့အတွက်ကျ ဖြစ်နိူင်ပြီး သူနဲ့သူမတို့အတွက်ကျ ဘာလို့မဖြစ်နိူင်ရတာလဲ?

လိင်တူဆက်ဆံခြင်းနဲ့ ​ဝေးကွာ​သော ​ဆွေမျိုး​များကြားက ​သွေးသား​တော်စပ်မှုကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဘယ်ဟာက ပိုပြီးအကျင့်ပျက်သလဲ? သူ နားမလည်နိူင်​တော့ဘူး။

နှစ်​တွေအများကြီး​ကုန်ဆုံးခဲ့​ပေမယ့် သူက​တော့ လက်မလွှတ်နိူင်​သေးဘူးဖြစ်တယ်။

​နောက်ပိုင်းမှာ သူက ​ထောင်(Tong)မိသားစုက အလွန်တီထွင်ကြံဆတတ်ပြီး ရဲရင့်​တဲ့ မိန်းက​လေးတစ်​ယောက်ကို လက်ထပ်လိုက်တယ်။ သူမက ရင့်ကျက်ပြီး ရုပ်ရည်ပြည့်စုံလှပတယ်။ သူ အဲ့တာကို ကြိုက်သည်ဖြစ်​စေ, မကြိုက်သည်ဖြစ်​စေ, ဘဝက ဒီလိုမျိုးပဲ ဆက်သွားပြီး သားတစ်​ယောက်နဲ့ သမီးသုံး​ယောက်ရလာခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now