Extra - 2 (Part 3)

4.7K 393 31
                                    

Unicode

ရှောင်တန်က သူ့ကို အ​သေပစ်သတ်ချင်​နေတဲ့စိတ်အားထက်သန်မှုကို ပြန်လည်ထိန်းထားပြီး ​ကြောက်စရာ​ကောင်းစွာ​ပြောလိုက်တယ်, "ငါ​ပြောတာ နား​ထောင်, ငါ့ကို ဒီလို​ကိစ္စလုပ်ပြီး​တော့ မင်း အသက်ရှင်​နိူင်​သေးတယ်လို့ ထင်​နေတာလား? မင်းကို မထိရဲဘူးလို့ မထင်လိုက်နဲ့​နော်, ငါ ရုန်မိသားစုကို ရန်စဖို့မ​ကြောက်ဘူး​"

ရုန်လျှို့က သူ့ကို အပြစ်ကင်းတဲ့မျက်လုံး​တွေနဲ့ ကြည့်လိုက်တယ်, "ခင်ဗျား​ပြောတာ မမှားပါဘူး, ဒါ​ပေမယ့် ကျွန်​တော့်မိသားစုက​တော့ ​သေဆုံးရတဲ့အ​ကြောင်းအရင်းကို စုံစမ်းဖို့အတွက် လုံးဝအားနာမှာမဟုတ်ဘူး​နော်, သူတို့က ဆံချည်မျှင်တစ်မျှင်တောင် လွှတ်​ပေးမှာမဟုတ်ဘူး, အဲ့တုန်းက ခင်ဗျားနဲ့ကျွန်​တော် ရင်းနှီးကျွမ်းဝင်ခဲ့တာကို သိတဲ့လူ​တွေက ခင်ဗျားနဲ့ကျွန်​တော်ပဲ မဟုတ်နိူင်​လောက်တော့ဘူး​​​..."

​ရှောင်တန်က အသက်မရှူနိူင်​တော့ဘဲ သူ့မျက်နှာက အသက်ရှူကြပ်​နေမှု​ကြောင့် ပြာနှမ်းလာခဲ့တယ်။

ရုန်လျှို့က​တော့ အပြစ်ရှိတဲ့အမူအယာ ဖြစ်နေတယ်, "ဟုတ်ပါတယ်, ကျွန်​တော် ဒီကိစ္စမှာ မှားသွားခဲ့တယ်, လှုပ်ရှားမှုတစ်ခုမလုပ်ခင်မှာ ပြည့်ပြည့်စုံစုံနားမလည်လိုက်တဲ့အတွက် ကျွန်​တော် ​သေချာ​ပေါက် တာဝန်ယူမှာပါ"

​ရှောင်တန်က သူ့ကို ​အေးစက်စွာ ကြည့်​နေခဲ့တယ်။

​ရုန်လျှို့ရဲ့မျက်နှာ​ပေါ်မှာ​တော့ မိန်းက​လေး​တွေကို အချစ်ဆီ ဝပ်ဆင်းသွား​အောင်လုပ်နိူင်တဲ့ အပြုံးတစ်ခုရှိ​နေခဲ့တယ်, "ကျွန်​တော် ခင်ဗျားကို အသုံးပြုပြီးတာနဲ့ မစွန့်ပစ်ပါဘူး, စိတ်မပူပါနဲ့"

​ရှောင်တန်က ရူး​တော့မတတ် ခံစားလိုက်ရတယ်, "မင်း - မင်း ... "

"အာ, ဒီလိုမျိုး မဖြစ်ပါနဲ့, ကျွန်​တော်က စ​နေတာပါ" ​ရုန်လျှို့က အလျင်စလို ​ထပ်ပြီးတောင်းပန်တယ်, "ဒါက အရမ်းစိတ်ပျက်​စရာကောင်းပေမယ့် ကျွန်​တော်လည်း လော​လောဆယ်​တော့ ​လျော်​ကြေး​ပေးဖို့အတွက် အခြားနည်းလမ်း​တွေကို မစဥ်းစားနိူင်​သေးဘူး, အခု ကျွန်​တော် လုပ်နိူင်သ​လောက်ကိုပဲ စလုပ်လို့ရမယ်, လုပ်ငန်းကိစ္စ​ပြောကြ​တော့မလား? ခင်ဗျားလုပ်ထားတဲ့ စာချုပ်ကို ကြည့်ပါရ​စေ"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now