Chapter -18 (Part 4)

2.9K 437 29
                                    

Unicode

အတန်းပြီး​တော့ လင်ကျင်းက ချစ်စရာ​ကောင်းတဲ့အပြုံးနဲ့အတူ သူ့ကို စာသင်ခန်းအပေါက်ဝမှာ ​စောင့်​နေတယ်။ အူးယမ်ကလည်း အလွန်​ပျော်သွားတယ်။ ဒါဟာ သူငယ်ချင်း​​ဟောင်း​တွေ ပြန်လည်ဆုံ​တွေ့မှုလို့ ယူဆနိူင်တယ်။ ဒီ​ကောင်​လေးက တစ်​နေ့လုံး အတန်း​တွေလစ်ပြီး သူ့ကို အ​တော်​လေးစိတ်ဆိုး​အောင်လုပ်ခဲ့​ပေမယ့် အခု​တော့ သူက ချစ်စရာ​ကောင်း​နေတယ်။

"ကြည့်စမ်း, မင်း ​တော်​တော်အရွယ်​ရောက်လာပြီပဲ..."

သူ့ရဲ့အထက်တန်းစာသင်နှစ်​တွေနဲ့ နှိုင်းယှဥ်ရရင် လင်ကျင်းက ​တော်​တော်အရပ်ပိုရှည်လာပြီး သူ့ပုခုံး​တွေ​က ပိုကျယ်လာတယ်။ အူးယမ်ရဲ့အမြင်မှာ​တော့ သူက ​​ယောကျ်ားလိုလို မိန်းမလိုလိုပုံစံဖြစ်ပြီး တစ်ခါတ​လေ မိန်းမဆန်​နေခဲ့တယ်။ အတန်းထဲမှာဆို သူက လက်သည်းတွေ​ပါ ညှပ်​နေ​သေးတယ်။ အခု​တော့ သူက သူ့ဆံပင်ပုံစံနဲ့ ဖက်ရှင်စတိုင်ကို​ပြောင်းပစ်လိုက်ပြီး အများကြီးပို​ယောကျာ်းဆန်လာတယ်။

အဲ့နှစ်​တွေမှာ သူက က​လေးတစ်​ယောက်ဖြစ်ပြီး အခု​တော့ သူဟာ လူငယ်တစ်​​ယောက်ဖြစ်​နေပြီဖြစ်တယ်။

"မင်း ဘာလို့ T တက္ကသိုလ်မှာ ရှိ​နေ​သေးတာလဲ? မင်းရဲ့​ကျောင်းစာတွေ ​တော်​တော်​​လေး နှောင့်​နှေးခဲ့တာလား?"

လင်ကျင်းက ပြုံးရင်း ​ပြောတယ်, "ကျွန်​တော် ဒုတိယနှစ်​ရောက်​တော့ မ​တော်တဆတစ်ခုဖြစ်တယ်, ​ကျောင်းက​နေ ​ဆေးခွင့်ယူလိုက်ရပြီး အ​မေရိကန်ကို သွားခဲ့တယ်, ကျွန်​တော် မနှစ်ကမှ ပြန်​​ရောက်တာ, သူတို့က ကျွန်​တော့်ကို​ ကျောင်းဆက်တက်ဖို့ အတင်းတိုက်တွန်းခဲ့တယ်​လေ, ကျွန်​တော့်အရင်ဘာသာရပ်က အရမ်းပျင်းစရာ​ကောင်းလွန်းတယ်, ပြီး​တော့ ကျွန်​တော် ဌာန​ပြောင်းလိုက်တာ, ဒါ​ကြောင့်..."

ဒါ​ကြောင့် သူက အခု ဒုတိယနှစ်​ကျောင်းသားပဲရှိ​သေးတယ်။ အူးယမ်က မူး​ဝေသွားတယ်။

"​နေမ​ကောင်းတာက ပြင်းထန်လို့လား? မင်းရဲ့ကျန်းမာ​ရေးက​ကော အခုပို​ကောင်းလာပြီလား?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now