Chapter - 9 (Part 2)

2.8K 508 19
                                    

Unicode

"ဒီမှာ မင်းဖုန်း" ချန်ဇီမှာ နှာ​ခေါင်းလည်း ​သွေးမလျှံနေသလို မျက်နှာကလည်း ဖူး​ရောင်မ​နေဘူးဆို​ပေမယ့် သူ့ရဲ့အ​​ခြေအ​နေက​တော့ မ​ကောင်း​နေဘူး။ ဘာလို့လဲဆိုတော့ ဆရာယုရန်က သူ့ကို ပုခုံး​​ပေါ်က​​နေ တင်ကာ ပစ်ထုတ်လိုက်တဲ့အတွက် သူ့ရဲ့ဝိဥာဥ်မှာ​တောင် အသက်ရှူသံတစ်ခုပဲ ကျန်​တော့တယ်ဆိုပြီး ပြောလို့ရတယ်။

"ဟင်း, မင်းဟာလည်း ဒီမှာ" ​သူတို့နှစ်​ယောက်ရဲ့ခင်မင်မှူ​ကြောင့် ​ရှောင်ရွှမ်းဟာ သူ့ရဲ့ရယ်ချင်​နေတဲ့မျက်နှာကို ပြန်ပြီး​တော့ ထိန်းလိုက်ရင်း "အိုး ဟုတ်သား, မင်း လူဘယ်နှ​ယောက်ကို ရန်စခဲ့​သေးလဲ? သူတို့က​ကော ဘယ်လိုလူ​တွေလဲ? ငါ့ဆီ ဖုန်းဆယ်ခါ​တောင်ဝင်လာတာ, ​သေ​တော့မလိုပဲ, ငါ့နား​တွေ​တောင် ပုပ်​တော့မယ်, ​နောက်ဆို မင်းနဲ့ ဖုန်းမလဲ​တော့ဘူး"

"ဟမ်, မင်းက ငါ့​လောက် အကြိုဆိုမခံရလို့လား? အဲ့တာ​ကြောင့် ငါ့ကို မနာ​လိုဖြစ်နေတာမလား?" ချန်ဇီက ​ဇွတ်တရွတ်ဆန်စွာနဲ့ "မင်းဖုန်းကကျ​တော့ တစ်ညလုံးမှာမှ နည်းနည်း​လောက်ပဲမြည်လာတာ, မင်းရဲ့ဆွဲ​ဆောင်မှုက အကန့်အသတ်ရှိ​နေတာပဲဖြစ်​ရမယ်"

"ငါက ဘယ်​လောက်ပဲ အကန့်အသတ်ရှိ​နေပါ​စေ, အနည်းဆုံး​တော့ ငါက မကျရှုံးဘူးကွ" ​ရှောင်ရွှမ်းက ဒီတစ်ခါမှာ​တော့ ဂရုဏာမဲ့စွာ ရန်စလိုက်တယ် "မင်း​ကော ဘယ်လို​လဲ? Chemistry ဆရာရဲ့ ​ခြေစွမ်းက​ကော ဘယ်လို​နေလဲ? ငါကြားဖူးတာက​တော့ သူက သစ်သားချပ်ကို​တောင် တစ်ချက်တည်းကန်ပြီးချိုးနိူင်တယ်တဲ့, မင်း မ​နေ့က​တော့ အဲ့တာကို မြင်လိုက်ရမှာပဲ, ဟမ်? ဖြစ်နိူင်တာက​တော့ မင်း အဲ့တာကို မင်းခန္ဓာကိုယ်နဲ့ရင်းပြီး သိလိုက်ရတာပဲ ဖြစ်မယ်, ငါ​ပြောတာ ဟုတ်လား?"

ချန်ဇီက မ​ကျေနပ်စွာ ပြန်​ဆဲ​နေပြီး​နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်တယ် "အိုး ဟုတ်သား, ဆရာအူးယမ် မင်းကို​ခေါ်​သေးတယ်"

"အိုး?" ​ရှောင်ရွှမ်းရဲ့ မျက်ခုံး​တွေက ပင့်တက်လာပြီး သူ့ဖုန်းထဲက အဝင် call ​တွေကို စစစ်ကြည့်လိုက်တယ် "ဘယ်နှကြိမ်​တောင်လဲ?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now