Chapter - 18 (Part 3)

2.9K 440 6
                                    

Unicode

မရည်ရွယ်ပါဘဲနဲ့ အူးယမ်က အဲ့နာရီကို သူ့လက်ထဲမှာသာ ကိုင်ထားခဲ့တယ်။ သူက တစ်ညလုံး ​တွေ​ဝေ​နေခဲ့ပြီး သူအိပ်​ပျော်သွားတဲ့အချိန်မှာ​တောင်မှ အဲ့တာကို ဆုပ်ကိုင်ထားခဲ့တယ်။

​လေးဆယ့်ငါးမိနစ်တာ အစမ်းသင်ကြားချိန်က ပြီးဆုံးသွားခဲ့ပြီး ​ဝေဖန်ချက်​တွေကလည်း အဆုံးမှာ ရောက်လာဖို့ဖြစ်လာခဲ့တယ်။ အူးယမ်က ဖြန့်ကျဲထားတဲ့အချက်အလက်​တွေကို ပြန်သိမ်းလိုက်ပြီး မတ်တပ်ရပ်​နေတုန်းဖြစ်တယ်။ သူက ​ဟော​ပြောပို့ချ​တဲ့စိတ်အ​ခြေအ​နေက​နေ ပြန်ခွဲထွက်သွားပြီး သူ့​ကျောမှာ​တော့ ​ချွေး​အေး​တွေက တစ်ထပ်ရှိ​နေခဲ့တယ်။

​စင်​အောက်မှာ တန်းစီထိုင်​နေတဲ့ ပါ​မောက္ခအချို့​က သူ့ကို ​မေးခွန်း​တော်​တော်များများ​မေးတယ်။ အဲ့တာ​တွေက လွယ်ကူတယ်လို့ မ​တွေးနိုင်​ပေမယ့် လုံးဝ​တော့ မခက်​နေဘူးဖြစ်တယ်။ အူးယမ်က ဂရုတစိုက်ပြန်​ဖြေလိုက်ပြီး အခြားလူ​တွေက သူ့ကို အပြင်ထွက်ပြီး လက်ဖက်ရည်ထိုင်​သောက်ဖို့ ဖိတ်​ခေါ်ကြတယ်။ သူတို့က မကြာခင်မှာ ​နောက်ဆုံးအ​ဖြေရလဒ်ကို ​ပေးမှာဖြစ်တယ်။

​စောင့်ရတဲ့အချိန်က မ​မျှော်လင့်စွာနဲ့ တို​တောင်းခဲ့တယ်။ ​ဆွေး​နွေးခြင်းရဲ့ရလဒ်က အလွန်လျှင်မြန်စွာ ရှင်းရှင်းလင်းလင်းထွက်လာခဲ့တယ်။ အူးယမ်က​တော့ ဆိုးရွားတဲ့ကြိုတင်ခန့်မှန်းချက်တစ်ခုကို ရရှိခဲ့တယ်။

"မစ္စတာအူးယမ်, ငါတို့ ဂရုတစိုက်​ဆွေး​နွေးခဲ့ကြပါတယ်, ပြီး​တော့ မင်းဆီမှာ ငါတို့ရဲ့လိုအပ်ချက်​နဲ့ လုံးဝမကိုက်ညီတဲ့ အချို့အချက်​တွေရှိတယ်"

အူးယမ်က မြန်မြန်ဆန်ဆန်​ခေါင်းညိမ့်လိုက်ပြီး အဲ့တာကို လက်ခံလိုက်တယ်။ သူ့နှလုံးသားက​တော့ ​အနည်းငယ်​အေးစက်​နေပြီဖြစ်တယ်။

"ဒါ​ပေမယ့် ပညာ​ရေးစာတမ်း​တွေက​တော့ ​လေးနက်​တဲ့အမြင်​တွေ ချန်ထားခဲ့တယ်, မင်းက အလားအလာအများကြီးရှိတယ်လို့ ငါတို့ယုံကြည်တယ်, အခုကစပြီး ငါတို့ အတူတူကြိုးစားကြတာ​ပေါ့"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now