Chapter -14 (Part 2)

2.6K 425 44
                                    


UNICODE


အူးယမ်ရဲ့ ဦးနှောက်ဟာ ရုတ်တရက် ဘာလုပ်ရမယ်မှန်းမသိပဲ ထုံထိုင်းသွားတယ်။ သူမည်သို့တုံ့ပြန်သင့်တာကိုမဆုံးဖြတ်မီ သူ့မျက်နှာပေါ်တွင် သတိမဲ့နေသလိုအပြုံးတစ်ခုရှိနေပြီးသားဖြစ်တယ်။

ဆိုးဆိုးရွားရွားမေးသင့်တဲ့စကားတွေကို သူအကြိမ်ကြိမ် စဉ်းစားခဲ့ပေမဲ့ အခုချိန်ထိ သူတို့ထဲက တစ်ယောက်မှသတိမရခဲ့ဘူး။ သူကပါးစပ်ကိုခဏဖွင့်လိုက်ပြီး

" မင်းဒီကိုဘာလို့ဒီအချိန်ရောက်လာတာလဲ? ငါညဘက်သရေစာတစ်ခုချက်ပြုတ်နေတာ မင်းအတွက်တစ်ပွဲစာြပင်ပေးရမလား?"

ရှောင်ရွှမ်း အသံမထွက်ဘဲသူ့နောက်မှတံခါးကိုပိတ်လိုက်ပြီး အူးယမ် နှင့်အတူမီးဖိုချောင်ထဲသို့လိုက်လာခဲ့တယ်။

"ဆရာ...ကျွန်တော်,ဆရာ့ ကိုပြောစရာရှိလို့လာခဲ့တာ"

"ဟုတ်လား?"

အူးယမ် ရေခဲသေတ္တာကိုဖွင့်လိုက်ပြီးတွေ့တဲ့ အသားနှင့်ဟင်းသီးဟင်းရွက်အချို့ကို ပထမ ဦး စွာအိုးအတွင်းသို့ ထည့်လိုက်တယ်။

"ဆရာ့ကို တွေ့ပြီးလူကိုယ်တိုင်ပြောတာပိုကောင်းမယ်ထင်လို့"

"ဘာကိုလဲ?"

အူးယမ် အသားကိုအားနှင့်အတင်းလှီးဖြတ်နေတယ်။ အသားကခဲနေတာကြောင့် အတင်းလှီးနေရတာတောင်မှ သူကကျောက်တုံးကိုခုတ်နေသလိုမျိုး ခံစားရတယ်။

"ဆရာ..ဆရာ,မသွားတာကပိုကောင်းတယ်"

အူးယမ် ရုတ်တရက်ပဲလှုပ်ရှားမှုတွေရပ်လိုက်ပြီး သူ့ကိုလှည့်ကြည့်လိုက်တယ်။ ရှောင်ရွှမ်း ကသူ့အကြည့်တွေကိုမဖုံးကွယ်ဘဲတည်ငြိမ်စွာပြောနေတယ်။

"ကျွန်တော်နဲ့ အမေရိကန်ကို လိုက်ဖို့ကိစ္စ...တခါမှမပြောခဲ့ဖူးသလိုပဲထားလိုက်ပါ...ဆရာ့အတွက် ကသွားဖို့အဆင်ပြေမှာမဟုတ်ဘူး"

အူးယမ်သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီးအသံပြန်မထွက်ဘဲတိတ်ဆိတ်စွာပြန်ပိတ်လိုက်တယ်။

ခဏကြာပြီးနောက်သူကခေါင်းကိုမော့လိုက်ပြီးထားပြီးမျက်လုံးနီနီရဲရဲ တွေနှင့် ရှောင်ရွှမ်းကိုကြည့်လိုက်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now