Chapter - 7 (Part 1)

2.8K 504 4
                                    

Unicode

တက္ကစီစီးချင်တဲ့ဆန္ဒကို အ​ကောင်းဆုံးထိန်းချုပ်ပြီး​တော့ အူးယမ်က ​ရှောင်ရွှမ်းနဲ့အတူ လက်ထဲမှာလည်း အိတ်တွေအများကြီးသယ်ရင်း အိမ်ပြန်ဖို့အတွက် ဘတ်စ်ကား​ပေါ်မှာလည်း အတင်းတိုးခဲ့ရ​သေးတယ်။ ဒီခရီးက​တော့ မ​ရေတွက်နိူင်တဲ့ အခက်အခဲ​တွေနဲ့အတူ ပြန်ကြည့်ဖို့အတွက် သည်းမခံနိူင်​လောက်​အောင်ကို​နောက်တစ်ကြိမ် ပြန်ပြီးဖြစ်လာတာပါပဲ။ (ကား​ပေါ်မှာ လူ​​တွေကြပ်လွန်းလို့ အသွားတုန်းကလို ပြန်ခံစားရတာကို ​ဆိုလိုချင်တာပါ)

သူတို့ တိုက်ခန်းကို ပြန်​ရောက်တဲ့အချိန်မှာ​တော့ အိတ်​တွေကို ​နောက်မှပြန်စီဖို့အတွက် နံရံ​ဘေးမှာ ထားလိုက်ပြီး နှစ်​ယောက်စလုံးကလည်း အသက်ရှူကြပ်​နေကြတယ်။ ဒါက တစ်ပတ်စာ​လောက်လုပ်ရမယ့်​လေ့ကျင့်ခန်း​တွေကို တစ်​နေ့တည်းနဲ့ အပြီးလုပ်လိုက်ရသလို​တောင် ခံစားရတယ်။

အူးယမ်က သူ့​ချွေး​တွေကို သုတ်လိုက်ပြီး​ ​ရှောင်ရွှမ်းက​တော့ ဒီ​နေ့သည်းမခံနိူင်​လောက်​အောင်ကို ပင်ပန်း​နေမှာပဲလို့ ​တွေးမိတဲ့အတွက် လေရနိူင်ဖို့ လျှပ်စစ်ပန်ကာ​လေးကို သွား​ပြေးယူတယ်။ ​။ ဒါ​ပေမယ့် ​ရှောင်ရွှမ်းက ခုချိန်ထိ ဆရာလို့ပဲ ခေါ်​နေပြီး​တော့ ဘာမှထပ်တွန့်မတက်ဘဲနဲ့ တကယ်ကို သိတတ်တယ်။ သူလည်း ကျန်တာ ဘာမှ​တော့မတတ်နိူင်​ပေမယ့် ဂရု​တော့စိုက်​ပေးရမယ်​လေ။

​ရှောင်ရွှမ်းက အရမ်းပူ​နေတဲ့အတွက် သူ့ရဲ့​ဘောင်းဘီကို လိပ်တင်ထားတယ်။ တစ်ကိုယ်လုံးလည်း ချွေး​တွေထွက်​နေပြီး သူ့ရဲ့မျက်​တောင်​​မွေးပေါ်မှာ​တောင် ​​ချွေး​တွေက တွဲလဲခိုပြီး ကျ​နေတယ်။ သူ့ရဲ့မျက်​တောင်​​တွေက အရမ်းရှည်ပြီး ထူတဲ့အတွက် ​တကယ်​တမ်း​တော့ ချွေး​တွေက ချက်ချင်းကျမလာနိူင်ဘူး။ သူ့ရဲ့ပုံစံက လူ​တွေကို ကြင်နားသနားလာ​စေတယ်။ ပြီး​တော့ အဲ့တာက တကယ်ကို ချစ်ဖို့​ကောင်းတယ်လို့ ​တွေးမိ​နေတုန်းမှာပဲ အူးယမ်က သူ့ရဲ့​​ချွေး​တွေကို သုတ်​ပေး​ဖို့အတွက် လက်လှမ်းမိလိုက်တယ်။ သူကလည်း ချက်ချင်းကို ပါးချိုင့်​လေး​တွေ​ပေါ်​နေတဲ့အပြုံးနဲ့ ပြန်ပြီးတုံ့ပြန်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now