Chapter -4 (Part 2)

3K 491 19
                                    

UNICODE
 အူးယမ်က သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေတဲ့ ရှောင်ရွှမ်းနဲ့ မျက်လုံးချင်းဆုံဖို့ သတ္တိမရှိဘဲ သေချာ မီးပူတိုက်ထားတဲ့ယူနီဖောင်းနဲ့ ဘောင်းဘီကိုသာ ကြည့်နေမိတယ်။

ခဏအကြာတွင် လွယ်အိတ်ကိုသယ်ကာ ဖြေးညှင်းစွာထွက်သွားတဲ့ ခြေထောက်တစ်စုံကို အူးယမ်ဟာလည့်ပြီး တိတ်တဆိတ်ကြည့်နေမိတယ်။ သူ့နှလုံးသားလည်းမပျော်မရွှင်ဖြစ်နေတယ်။ ဒါပေမယ့်ဘာပြောရမယ်ဆိုတာလဲမသိဘူး။

ရှောင်ရွှမ်းရဲ့ ခေါင်းငိုက်ဆိုက်ကျပြီးထွက်သွားတဲ့ ကျောပြင်ကိုမြင်ရတာက အလွန်သနားစရာကောင်းသလိုကြည့်ရတာလည်းနာကျင်စေတယ်။

ဟုတ်ပါတယ် သူက ရှောင်ရွှမ်း နဲ့အတူရှိရတာကိုသဘောကျတယ်။

သူနှင့်အတူတူထိုင်ပြီးစကားပြောတာ ကသူ့ကိုအလွန်ပျော်ရွှင်စေတယ်။ကျောင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း တွေ့နိုင်တယ် လို့တွေးရတာလည်း သူ့ကိုအရမ်းစိတ်လှုပ်ရှားစေတယ်။ သူနှင့်သာအေးအေးဆေးဆေးဆက်ဆံနိုင်ရင်ပေါ့။

အစကတော့ ရှောင်ရွှမ်းက သူ့ကို တကယ်ဒေါသထွက်လိမ့်မယ်လို့ ထင်ထားတာ။ မမျှော်လင့်ဘဲ ဒီ လူငယ်လေးမှာ ဒုက္ခပေးတတ်တဲ့ အကျင့်စရိုက်တစ်ခုမှရှိမနေတာပဲ။

နှစ်ရက်အကြာမှာတော့ သူဟာဘာမှမဖြစ်ခဲ့သလိုမျိုး ပြေးလာပြီးသူနဲ့တူတူစကားပြောတယ် ရီတယ် နေ့လည်စာအတူစားကြတယ်။နေ့လည်စာဗန်းကိုတောင်ကူသယ်ပေးသေးတယ်။ နာမည်အကြီးဆုံးဟင်းလျာဖြစ်တဲ့ ကမာကြော်ကိုလည်းမှာစားကြတယ်။

ဒါကို အူးယမ် ကဘာမှမလုပ်ပေးနိုင်ပဲ သူ့ကိုပိုလို့တောင်သဘောကျလာခဲ့တယ်။ ကလေးတစ်ယောက်က ရက်ရော နာခံတတ်ပြီး Puppy ပိစိလေးကဲ့သို့ချစ်စရာကောင်းသည်မှာရှားပါးတာကြောင့် လူတွေကသူ့ခေါင်းကိုဖွဖွလေးပုတ်ပေးချင်စိတ်ဖြစ်စေတယ်။

သူအကုန်လုံးနီးပါးစားပြီးတဲ့အခါမှာ ရှောင်ရွှမ်းက ခက်ရင်းကိုချလိုက်ပြီးသက်ပြင်းချကာ

"ugh! ကျွန်တော်ဒီည ဘာစားရမယ်မှန်းမသိဘူး"

"ဟမ် ?မင်းအမေကမင်းအတွက်မချက်ပေးဘူးလား "

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now