Chapter-11 (Part 2)

2.8K 485 10
                                    


UNICODE


ရှောင်ရွှမ်းရဲ့မျက်နှာက ရုတ်တရက်နီရဲလာတယ်။ သူကသူ့ကိုကြောက်လို့ထွက်ပြေးတာနဲ့တူတယ်။ သူ့လက်တွေကအတင်းဆွဲထားလျှက်ပဲ

"ဆရာ, အနည်းဆုံးတော့ကျွန်တော့်ကိုရှင်းပြခွင့်လေးပေးသင့်တယ်မထင်ဘူးလား?

ဘာလို့လဲဆိုတော့ချန်ဇီကကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းမို့သူ့ကိုကျွန်တော်တို့ရဲ့ဆက်ဆံရေးအကြောင်းပြောပြချင်တယ်, ဆရာကြားလိုက်ရတာကကနောက်လိုက်တဲ့ဟာ ကျွန်တော်ဆရာ့ကိုတကယ်ကြိုက်တာပါ...."

အူးယမ် ကသူ့ကိုကြည့်တောင်မကြည့်ဘူး၊ စိတ်ပျက်စွာနဲ့ပြောတော့တယ်။

" မင်းပြန်လိုက်တော့ ! အခုငါ့ကိုလာလိမ်မနေနဲ့တော့ မင်းဘာပြောပြောငါမယုံတော့ဘူး"

"ဆရာ!!"

ရှောင်ရွှမ်းရဲ့ မျက်နှာက ပို၍ နီရဲလာတယ်။ နဖူးရှိသွေးကြောတွေတင်းလာပြီး အနည်းငယ်ထစ်အ, စွာပြောလိုက်တယ်။

"တောင်းပန်ပါတယ်ဆရာ, ကျွန်တော်မှားသွားတယ် ချန်ဇီ နဲ့ကျွန်တော် ပထမတော့ဆရာနဲ့ ကစားဖို့စီစဉ်ခဲ့တာ ,အဲ့တာကြောင့်ကျွန်တော်, ဆရာ့ကိုလိမ်ခဲ့တာ ... "

အူးယမ်က ဒီအကြောင်းကို တိတ်တိတ်လေး အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပေမဲ့ ခုအသေချာပြောနေတာကိုကြားလိုက်ရတော့ သူတော်တော်လေးထိန်းမထားနိုင်တော့ဘူး။ သူမျက်ရည်တွေစီးကျလျက် ထိုင်ချလိုက်တယ်။အဲ့ဒီနောက် ခေါင်းကိုငုံ့ကာ မြေကြီးပေါ်ရှိခရမ်းချဉ်သီးများကိုကောက်ပြီး အိတ်ထဲသို့ဂရုမစိုက်ဘဲပစ်ထည့်လိုက်တယ်။

"ဆရာ!"

ရှောင်ရွှမ်းက သူ့ကိုဖက်လိုက်ပြီး ,

"ဒါပေမယ့် ကျွန်တော်တကယ်ပဲ ဆရ့ာကိုကြိုက်သွားတာပါ,

နောက်ပိုင်းတွေ​က ဟန်ဆောင်တာတွေလုံး၀မဟုတ်ရပါဘူး!"

အူးယမ်က သူ့ကို​ကြည့်တောင်မကြည့်ပဲ ခေါင်းကိုငုံ့လျှက်သာ ပစ္စည်းတွေကိုမြန်မြန်ကောက်ထည့်နေတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now