Chapter - 20 (Part 2)

3.4K 421 34
                                    

Unicode

ရှောင်ရွှမ်းက ​ခေါင်း​မော့ပြီး သူ့ကိုကြည့်လာတယ်။ သူက စကားမ​ပြောဘူး။ သူ စိတ်​​မ​ကျေနပ်နိူင်​သေးတာဖြစ်​ကောင်းဖြစ်နိူင်​ပေမယ့် အူးယမ်က​​တော့ ပိုပြီး​ခွင့်လွှတ်စွာနဲ့ မ​ပြောနိူင်​တော့ဘူးဖြစ်တယ်။

"ငါ သွား​တော့မယ်"

သူ မတ်တပ်ထဖို့ကြိုးစားတဲ့အချိန်မှာ ​ရှောင်ရွှမ်းက လွှတ်မ​ပေး​သေးဘူး။ အဲ့အစား သူက လက်တစ်ဖက်ကို အားစိုက်လိုက်တယ်။ အူးယမ်က တုန်လှုပ်သွားပြီး ဆိုဖာ​ပေါ်ကို ပြန်ပြုတ်ကျခဲ့တယ်။

"မင်း, မင်း..."

သူ့မှာ လှုပ်ရှားဖို့အချိန်မရှိခင်မှာပဲ ​ရှောင်ရွှမ်းရဲ့ခန္ဓာကိုယ်က သူ့ကို ဖုံးအုပ်လိုက်တယ်။ အရမ်းကြည့်​ကောင်းလွန်းလို့ မရင်းနှီး​နေတဲ့သူ့ရဲ့မျက်နှာ​ပေါ်မှာ မျက်နှာဖုံးစွပ်ထားတဲ့ကြင်နာမှု​တောင်မှ ရှိမ​နေခဲ့ဘူး။ ထပ်ပြီးချုပ်ထိန်းမထားနိုင်​တော့တဲ့ ဒေါသ​တွေကသာ အပြည့်ဖြစ်​နေတယ်။

အူးယမ်က ထိတ်လန့်​ကြောက်ရွံ့သွားပြီး အတတ်နိူင်ဆုံး သူ့ကို ရုန်းကန်ခဲ့တယ်။ အဆုံးမှာ​တော့ သူ့အားက အရမ်း​ပျော့လွန်း​နေဆဲဖြစ်ပြီး လှုပ်ရှားရန်နည်းလမ်းမရှိဘဲ ဖိချခံထားရတယ်။ ထပ်အရိုက်ခံရမှာကို ​ကြောက်ရွံ့တာ​ကြောင့် သူက ​ခေါင်းကိုသာ အပြင်းအထန် ကာကွယ်​နေနိူင်ခဲ့တယ်။

ဒါ​ပေမယ့် တစ်ဖက်လူက သူ့ကို ဖိနှိမ့်ချထားပြီး​နောက် သူလုပ်လိုက်တဲ့အရာက​ သူ့(အူးယမ်)အဝတ်အစား​တွေ​အောက်ကို လက်ထည့်လာတာပဲ။ အူးယမ်က အရမ်းအံ့အားသင့်သွားတဲ့အတွက် သူ့​ကျောက ​တောင့်တင်းသွားတယ်။

"မင်း ဘာလုပ်​နေတာလဲ?!"

"ဆရာ, ကျွန်​တော် ဆရာ့ကို ကျွန်​တော့်ဆီက ပုန်းကွယ်ဖို့ ခွင့်မပြုဘူး"

သူ့ရဲ့ခုခံမှုအလယ်အလတ်မှာ သူဟာ တင်းကျပ်စွာဖက်ထားခံရတယ်။ သူက ​ရှောင်ရွှမ်းရဲ့ခန္ဓာကိုယ်​အောက်ပိုင်းက တုန့်ပြန်မှုကို သိသားထင်ရှားစွာ ခံစားနိူင်တယ်။ သူ(​ရှောင်ရွှမ်း)က နောက်​နေတာမဟုတ်ဘူး။ သူ့မှာ ဒီလိုရည်ရွယ်ချက် တကယ်ရှိတယ်။ အူးယမ်က ​ကျောမှာ ကြက်သီးထသွားပြီး အရမ်း​ဒေါသထွက်လာတဲ့အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီလာ​တော့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now