Chapter - 23 (Part 3)

3.2K 386 4
                                    

Unicode

အူးယမ်က ခွန်အားအပြည့်ဖြစ်​နေတဲ့ သူ့အသွင်အပြင်ကို ကြည့်လိုက်တယ်။ အဲ့မှာ ​ရှောင်တန်ရဲ့ မှိုန်​ဖျော့​ဖျော့အရိပ်တစ်ခုကို မြင်​နေရတယ်။ တကယ်​တော့ ညီအစ်ကိုနှစ်​​ယောက်စလုံးရဲ့ပုံသဏ္ဍာန်က ​တော်​တော်​လေးကိုဆင်တူတယ်။

"တကယ်​တော့​ ပစ်ခတ်ခံခဲ့ရတဲ့​နေ့အတွက် မင်း ပြင်ဆင်ထားတာကြာပြီဖြစ်ရမယ်"

​ရှောင်ရွှမ်းက အံ့အားသင့်သွားတယ်။

"ငါလည်း ဒီတိုင်း​တွေးလိုက်တာပါ" အူးယမ်က သူ့ကို ကြည့်လိုက်တယ်, "မင်းအစ်ကိုကို အနိူင်ယူဖို့ မင်းမှာ ဥာဏ်ရှိတယ်​, ပြီး​တော့ ငါ့​နောက်ကို ​နောက်​ယောင်ခံလိုက်​နေတယ်လို့ ​ငါ ပြောတဲ့အချိန်ကတည်းက မင်း သူ့အ​တွေး​တွေကို မခန့်မှန်းနိူင်ခဲ့ဘူး​​လေ"

​ရှောင်ရွှမ်းရဲ့မျက်နှာက ​ဖျော့​တော့သွားတယ်, "ဆရာ..."

"​သေနတ်ပစ်ခံရတာကို လုံးဝ​ရှောင်လိုက်လို့ရတယ်မဟုတ်လား? အဲ့​နေ့က မင်းအစ်ကိုက ငါ့ကိုသတ်ဖို့အတွက် တစ်စုံတစ်​ယောက်ကိုခိုင်းလိုက်တယ်ဆိုတာ မင်းသိတယ်, ပြီး​တော့ မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ကားထဲမှာ ဝင်ထိုင်ခိုင်းခဲ့တယ်"

"ဆရာ, အဲ့လိုမဟုတ်ဘူး! ကျွန်​တော်က ဒီတိုင်း ..."

"​ရှေ့ကကိစ္စ​တွေအားလုံးက အစီအစဥ်ရဲ့အစိတ်အပိုင်း​တွေလား? ဇာတ်ညွှန်း, သရုပ်​ဆောင်တွေနဲ့ အ​သေးအဖွဲ​ကိစ္စတွေ​တောင်မှ အကုန်လုံးကြိုတင်ပြင်ဆင်ထားရမယ်​လေ, ဟုတ်တယ်မလား?"

"မဟုတ်ဘူး! ဆရာ! ကျွန်​တော် ဆရာ့ကို မလိမ်ဘူး!" ​ရှောင်ရွှမ်းရဲ့မျက်နှာက အလွန်ဖြူ​ဖျော့​နေတယ်, "ဆရာ ထင်​နေသလို မဟုတ်ဘူး​နော်, ကျွန်​တော် ..."

အူးယမ်က အနည်းငယ်စိတ်ကုန်လာတယ်။ သူက မတ်တပ်ထရပ်ပြီး လက်ကိုဝှေ့ယမ်းလိုက်တယ်, "အလိမ်အညာ​တွေနဲ့ ရှင်းပြမယ်ဆိုရင်​တော့ မင်း ​ပြောစရာမလို​တော့ဘူး, ငါ မင်းရဲ့မုသားစကား​တွေကို လုံ​လုံ​လောက်​လောက် ကြားပြီး​နေပြီ"

​ရှောင်ရွှမ်းက သူ့အဝတ်အစားရဲ့အစွန်းကို မြန်မြန်ဆွဲကိုင်လိုက်ပြီး သူ့နှုတ်ခမ်း​တွေက ခဏတာ​လောက် တုန်ရီ​နေခဲ့တယ် "​တောင်းပန်ပါတယ်, ဆရာ, ကျွန်​တော် ဆရာ့ကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး, အဲ့လူ​တွေက အရမ်းအန္တရာယ်များတယ်ဆိုပေမယ့် ကျွန်​တော် အပစ်ခံလိုက်တာနဲ့ သူတို့က အခြားတာ​ဝန်​တွေကို ဂရုစိုက်နိူင်မှာမဟုတ်ဘူး, ဆရာ အပစ်ခံရလုနီးပါးဖြစ်သွားမှာကို​တော့ ကျွန်​တော် မ​တွေးခဲ့မိတာ"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now