Chapter -15 (Part 1)

2.9K 411 25
                                    


UNICODE


T/N – ဒီ Chapter မှာတော့ အကြမ်းဖက်မှုအချို့အတွက်သတိပေးချက်တွေပါပါတယ်

ကျွန်မမှာချင်တာကတော့ စိတ်အေးအေးထားပြီးဖတ်ပါ ဟီးဟီး ကိုယ်ကတော့ ဘာသာပြန်ရင်းသနားလွန်းလို့ဘယ်လိုလုပ်ရပါ့

ဒုတိယနေ့သည် အူးယမ် ၏ ပထမဆုံးအကြိမ်ကျောင်းနောက်ကျခြင်းဖြစ်တယ်။ သူကျောင်းကိုအလျင်စလိုအမြန်ပြေးလာတဲ့အခါဒုတိယအတန်းချိန်ကပြီးသွားပြီ။ ကံကောင်းတာကသူ့အတန်းချိန်ကိုနောက်ဆုံးမှာထားထားတာပဲဖြစ်တယ်။ သူကကိုယ့်ကိုယ်ကိုနည်းနည်းလောက်သပ်ရပ်အောင်လုပ်လိုက်တယ်။

သူ က ကိုယ်ပိုင်ရုံးခန်းထဲမှာ ကျောင်းစာအုပ်တွေကိုကျောင်းသားတွေအား ပြန်ပေးဖို့သေချာစီနေတယ်။အဲ့ဒီချိန်မှာ ကျောင်း အတွင်းရေးမှုးက အခန်းထဲရုတ်တရက်ဝင်လာပြီး သူ့ကိုခေါ်လိုက်တယ်။

"ဆရာအူးယမ်, ကျေးဇူးပြုပြီးပဉ္စမထပ်အစည်းအဝေးခန်းကိုလာခဲ့ပါ "

"အာ? ဒါပေမယ့် ကျွန်တော့်အတန်းစတော့မယ်လေ"

"ကျေးဇူးပြုပြီးခုချက်ချင်းလာပေးပါ, ဒါရိုက်တာဘုတ်အဖွဲ့ကမင်းကိုတွေ့ချင်နေတယ်..."

အူးယမ်အနည်းငယ်အံ့သြသွားပြီးသူ့ပစ္စည်းတွေကိုအမြန်ချပြီးသူ့(အတွင်းရေးမှုး) နောက်သို့လိုက်ခဲ့တယ်။

သူဘယ်လောက်ဆိုးတဲ့ကိစ္စလုပ်ထားလို့ ကျောင်းဘုတ်အဖွဲ့က ဒီအချိန်မှာတွေ့ဖို့ခေါ်ရတာလည်းဆိုတာ သူမသိဘူး။ သို့သော်၎င်းကကောင်းသောအရာမဟုတ်သည်မှာအသေချာပင်။

သူတံခါးဝသို့ရောက်သောအခါစားပွဲရှည်နောက်၌ထိုင်နေသောလူများစွာက သူ့ကိုကြည့်နေကြတာတွေရတယ်။ သူ့အသွင်အပြင်ကိုမြင်ပြီးနောက်သူတို့အားလုံးအနည်းငယ်မျက်မှောင်ကြုတ်သွားကြတယ်။

အူးယမ်ချောမွေ့နေတဲ့ စားပွဲပေါ်တွင်သူ့ပုံထင်ဟပ်နေတာကိုမြင်ခဲ့တယ်။ သူ၏ဆံပင်တွေက ဖရိုဖရဲဖြစ်နေကာမျက်လုံးတွေလည်းဖောင်းကားနေပြီးမနည်းဖွင့်ယူထားရတယ်။ သူ၏အသွင်အပြင်မှာလုံးဝမသပ်ရပ်ဘဲ အကူညီမဲ့စွာထိတ်လန့်လာရတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now