Chapter - 22 (Part 5)

3.2K 409 15
                                    

Unicode

အူးယမ်က မြန်မြန်ဆန်ဆန် မတ်တပ်ရပ်လိုက်တယ်။ ​ရှောင်တန်က​ သူ့ကို "မင်းလည်း ဒါကို ​​သေချာစဥ်းစားထား, မင်း ​ပျောက်သွားဦးမယ်ဆိုရင်​တော့ ပုရွက်ဆိတ်တစ်​ကောင်ကို ဖျစ်ညှစ်လိုက်တာထက် ပိုလွယ်ကူလိမ့်မယ်" ဆိုတဲ့ အကြည့်တစ်ချက် ​ပေးတယ်။

ကုတင်​ပေါ်ကလူငယ်က​တော့ အသားအရည်ဖြူဖတ်ဖြူ​​လျော်ဖြစ်​နေပြီး ကုတင်​ခေါင်းရင်းမှာ ခက်ခက်ခဲခဲနဲ့ ထိုင်​နေတယ်။ သူဝင်လာတာကိုမြင်​တော့ သူက "ဆရာ" လို့ လှမ်း​ခေါ်တယ်။

အူးယမ်ရဲ့​ခေါင်း​ပေါ်ကဒဏ်ရာဟာ ရိုးရိုးရှင်းရှင်းပဲ ပတ်တီးစည်းထားတာဖြစ်တယ်။ သူက အဝတ်အစား​တွေကို မလဲရ​သေးဘဲ ​တော်​တော်ဖရိုဖရဲပုံ​စံပေါက်​နေခဲ့တယ်။

"ဆရာ, အဆင်​ပြေရဲ့လား?"

"အင်း" အူးယမ်က သူ့ကုတင်​ဘေးမှာ ထိုင်လိုက်တယ်, "ကျေးဇူးပါနော်"

​ရှောင်ရွှမ်းက အားနည်းစွာနဲ့ ပြုံးပြတယ်, "ကျွန်​တော့်ကို ​ကျေးဇူးတင်တာ? ဒါက ကျွန်​တော့်​ကြောင့် ဖြစ်တာ​လေ"

"မဟုတ်ပါဘူး" အူးယမ်ကလည်း သူ့ကိုနှစ်သိမ့်ဖို့အတွက်ဘာ​ပြော​သင့်တယ်ဆိုတာ မသိဘူး, "အဲ့လိုမ​တွေးနဲ့, ​ကောင်း​ကောင်းအနားယူလိုက်"

"ဆရာ"

"အင်း?"

"ဆရာ​ကြောက်လား?"

"အာ..."

"ဒီ​နေ့လိုကိစ္စမျိုး​တွေ...ဒါမှမဟုတ် ပို​တောင်မှ ဆိုးလာနိူင်တယ်​"

အူးယမ်က ခဏတာ​မျှ တိတ်ဆိတ်​သွားတယ်။ သူ မ​ကြောက်ဘူးလို့​ပြောရင်​​တော့ မှားလိမ့်မယ်။ သူ​ဒေါသထွက်​နေတာ​ကြောင့်သာ ​ရှောင်တန်နဲ့ ငြင်းခုံရဲခဲ့တာဖြစ်တယ်။ သူ့​ဒေါသ​တွေ ငြိမ်သက်သွားတဲ့အခါမှာ​တော့ ​ရှောင်တန်​လို ရက်စက်ကြမ်းကြုတ်တဲ့လူနဲ့​တွေ့ရတာက သူ့ကို ကြောက်​ရွံ့​စေတုန်းပဲ။

သူတို့က တစ်​ယောက်ကိုတစ်ယောက် ခဏ​လောက်ကြည့်​နေကြပြီး​​နောက် အူးယမ်က ပါးစပ်ဟလိုက်တယ်, "​ရှောင်ရွှမ်း, လူ​တွေ ငါ့ကို ရိုက်တဲ့အချိန်တုန်းက​လေ, မင်းလုပ်တာမှ လုံးဝမဟုတ်ခဲ့တာ, ဘာလို့ အဲ့တာကို ဝန်ခံလိုက်တာလဲ?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now