Chapter - 18 (Part 1)

3.2K 470 27
                                    

Unicode

အ​ခြေအ​နေက လုံးဝ​ရှေ့မတိုးသာတော့တဲ့အချိန်မှာ ကိစ္စက ​မ​မျှော်လင့်ဘဲ ​ပြေလည်သွားခဲ့တယ်။ ဘယ်သူကမှ ဘာ့ကြောင့်​လဲဆိုတာ အ​သေအချာမသိဘူး။ ဒူယူးယူက​တော့ ပြုံးပြီး သူလုပ်တာမဟုတ်ဘူးလို့​ပြောတယ်။ ဒါ​ပေမယ့် လူတိုင်းက သူ နှိမ့်ချ​နေတယ်လို့ပဲ ​တွေးကြတယ်။

ဘာပဲဖြစ်ဖြစ် အားချန်နဲ့သူတို့​တွေကို အဲ့​နေ့မှာလွှတ်​ပေးလိုက်ကြတယ်။ ​ပျော်စရာဖြစ်ရပ်ပဲ။ သဘာဝအားဖြင့် သူတို့​တွေက အတူတကွလူစုပြီး ​သောက်စား​ပျော်ပါးကြဖို့ကို ​မေ့လို့မရနိူင်ဘူး။ အူးယမ်​တောင်မှ လိုက်သွားခဲ့ရတယ်။

လူတိုင်းက ​သေဆုံးခြင်းက​နေ ကတ်သီး​လေးလွတ်လာနိူင်တာကို ​အလွန်အကျွံအရက်​သောက်ပြီး စား​သောက်ရင်းနဲ့ ပျော်ရွှင်စွာ ဆင်နွှဲ​နေကြတယ်။ လူ​တွေစုမိတဲ့အခါ သူတို့က ဒီ​နေ့ညမှာ လုံလောက်စွာ မ​သောက်ခဲ့ရင် ​နောက်တစ်​နေ့​သေ​တော့မလိုမျိုး ​သောက်ခဲ့ကြတယ်။ ​ကျောင်းလီကလည်း သူ့အတွက် တစ်ခွက်ယူပြီး ဘီယာကို ​​ရေလိုမျိုး​သောက်ခဲ့တယ်။

အူးယမ်လည်း ​ပျော်​ပျော်ပါးပါး ​သောက်စားဖို့ ပါဝင်ခဲ့ပြီး သူ့သည်းခံနိုင်စွမ်းက မ​ကောင်း​ပေမယ့် ​​တော်​​တော်​လေးသောက်ခဲ့တယ်။ ​ကျောင်းလီက သူ့ကို "မင်းက အမြဲတမ်း ငါ့ရဲ့အ​ကောင်းဆုံးညီအစ်ကိုပါ" လို့​ပြောရင်း ​တောင်းပန်ခဲ့တယ်။ ပြီး​တော့ သူတို့နှစ်​ယောက်စလုံး တစ်ပုလင်းစီချလိုက်တယ်။

အရက်က ​ကောင်းတဲ့အရာပဲ။ သူ ​သောက်လိုက်တာနဲ့ အရာအားလုံးကို ​မေ့ပြီး ​ပျော်ရွှင်လာခဲ့တယ်။

ဘီယာနဲ့အရံဟင်း​တွေကို ထပ်ခါတလဲလဲ ​​ကျွေး​မွေးခဲ့တယ်။ ဒါက အူးယမ်အတွက် အခြားသူ​တွေနဲ့အတူ မဆင်မခြင်​သောက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ မကြာခင်မှာပဲ သူက အရက်မူးလာပြီး သူ့ထိုင်ခုံ​ပေါ်မှာ စပြီး ​မှေးစဥ်းလာ​တော့တယ်။

သူက လှုပ်နှိုးခံလိုက်ရပြီး လူတိုင်းက ​နောက်တစ်ခါထပ်​သောက်ဖို့ သွားချင်​နေကြတယ်။ အူးယမ်လည်း လိုက်ချင်တုန်းဆို​ပေမယ့် သူက သူ့မျက်လုံး​တွေကို​တောင် မဖွင့်နိူင်​တော့ဘဲ တည်ငြိမ်စွာ​ လမ်းမ​လျှောက်နိူင်​တော့ဘူးဖြစ်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now