Chapter [8]

1.5K 164 4
                                    

[Unicode]

အခန်း (၈) – Reality Show

‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’ ဇာတ်ကားပြီးနောက် ပရိသတ်တချို့၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး နဉ်ရှီ၏ကျော်ကြားမှုက တစ်ခနအတွင်း တိုးတက်လာခဲ့သည်။ သိချင်စိတ်ပြင်းပြသော ဖန်တစ်ချို့က သူမ၏ Weibo ထဲပင် ဝင်မွှေကြတော့၏။ သို့သော် နဉ်ရှီ၏ Weibo တွင် Fan အရေအတွက်က ဂဏန်းသုံးလုံးမျှသာရှိပြီး ဘာပို့စ်မှတင်မထားချေ။ စာနာသနားစိတ်ကြောင့် ပရိသတ်များ၏ရင်ထဲ နဉ်ရှီကို ထောက်ပံ့ပေးချင်လာပြီး သူမအတွက် စိုးရိမ်လာကြတော့သည်။

ကျို့ကျီ ဖျော်ဖြေရေး၏ လူထုပြန်ကြားရေးအဖွဲ့ကလည်း အတော်လေး ထက်မြက်လှသည်။ သူတို့က စိတ်ဝင်စားနေသော ပရိသတ်၏အာရုံကို အတင်းအကျပ် ဆွဲမယူခဲ့ပေ။ ထိုသို့ပြုလုပ်လိုက်ခြင်းက anti-fans များ ဖြစ်သွားစေနိုင်သည်။

သို့သော် ‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’ ဇာတ်ကား အရှိန်အဟုန်ကောင်းနေသည့် ကာလအတွင်း နဉ်ရှီသည် အဓိကသရုပ်ဆောင်များနှင့် အဆက်အသွယ်ပြုကာ နာမည်ကြီးများနှင့်အတူ သူမ၏နာမည်လည်း အတန်အသင့် ကျော်ကြားလာခဲ့တော့သည်။

ထိုဇာတ်ကား၏ ဒါရိုက်တာသည် ကျို့ကျီဖျော်ဖြေရေးနှင့် သဘောတူညီချက်ကြောင့် မဟုတ်ပါပဲ နဉ်ရှီအပေါ် အထင်အမြင်ကောင်းတချို့ ရှိနေခဲ့၏။ ထို့ကြောင့် Reality Show တစ်ခုသို့ အဓိကသရုပ်ဆောင်များ သွားရောက်ရမည့်အချိန် နဉ်ရှီကိုလည်း ပါဝင်စေခဲ့လေသည်။

နဉ်ရှီလို မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်က အဓိကသရုပ်ဆောင်များနှင့် အဝတ်လဲခန်းအတူတူ သုံးခွင့်မရှိပေ။ ထို့ကြောင့် ရှုတင်မစခင် နဉ်ရှီနှင့် အရံသရုပ်ဆောင်များက တခြားအဝတ်လဲခန်းသို့သွားကာ မိတ်ကပ်ပြင်ကြရသည်။

ရုပ်သံဌာန၏ ဝန်ထမ်းများက ဖော်ရွေသလို တစ်ဖက်လူကိုလည်း ခက်ခဲအောင် မလုပ်တတ်ပေ။ အထူးသဖြင့် နဉ်ရှီလို အလားအလာကောင်းသော မျက်နှာသစ်သရုပ်ဆောင်အပေါ် ပိုမိုဖော်ရွေကြပြီး အလေးအနက်ထား ဆက်ဆံပေးသည်။

ဤ Reality Show တွင် ပါဝင်နိုင်ခဲ့ခြင်းက နဉ်ရှီအတွက် ကြိုးစားခြင်း၏ ရလဒ်တစ်ခုဟု ဆိုနိုင်သည်။ သို့သော် စီနီယာသရုပ်ဆောင်များလို နာမည်ကျော်ကြားခြင်း မရှိသေးသောကြောင့် နဥ်ရှီက ဝန်ထမ်းများကို နားပူနားဆာလုပ်မနေပဲ အခန်းထောင့်မှာသာ ရိုးရိုးသားသား ထိုင်နေလိုက်သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now