Chapter [37.2]

1K 133 4
                                    

Media – Crew cut hair style

Translated by Melinoe_Megami
______________________________________

[Unicode]

အခန်း - (၃၇.၂)

‘သတ်သေသွားသည်’ ဟူသော စကားကြောင့် Weibo ပွတ်နေသော နဉ်ရှီ၏လက်သည် မသိမသာလေး တုန်ယင်သွားခဲ့၏။ သူမ မော့ကြည့်လိုက်သောအခါ ကျန်းချင်းယွင်၏ ဦးခေါင်းနောက်ကျောကိုသာ မြင်နိုင်ခဲ့သည်။ “ကျင်းမိသားစုရဲ့ ဒုတိယသခင်လေးနဲ့ လက်ထပ်သွားတဲ့ သရုပ်ဆောင်ကို ပြောတာလား..?”

“ကြည့်ရတာ ဒီသတင်းက တော်တော်ကြီးသွားပုံပဲ.. နိုင်ငံရပ်ခြားရောက်နေတဲ့ မင်းတောင် သိတယ်ဆိုတော့..!” သို့သော် ထိုအမျိုးသားကို မည်သူမျှ ဒုတိယကျင်းသခင်လေးဟု မခေါ်ဝေါ်ကြတော့ပေ။ စီးပွားရေးနယ်ပယ်မှ လူတိုင်း ဒုတိယကျင်းသခင်ကြီးဟုသာ ခေါ်ဆိုကြလေပြီ။ ကျန်းချင်းယွင်သည် သူ၏ Crew Cut ဆံပင်ကို သပ်တင်လိုက်ရင်း ခါးသက်သက် ရယ်မောကာ.. “ရှေ့တစ်ယောက်လို မဖြစ်စေနဲ့..”

(TN : Crew Cut ဆံပင်ပုံစံ။ မြန်မာလိုဆို ကတုံးဆံတောက်လို့ အလွယ်သုံးကြပေမယ့် ဘေးတိုပြီး အလယ်ရှည်တဲ့ ဆံပင််ပုံံစံပါ။

နဉ်ရှီက အသာအယာ ခေါင်းခါယမ်းလိုက်ရင်း “အဲ့သရုပ်ဆောင်ကောင်မလေး ကိုယ့်ကိုယ်ကို သတ်သေခဲ့တာ လွန်ခဲ့တဲ့ ခုနစ်နှစ်ကမလား.. အဲ့အချိန်တုန်းက ကျွန်မ ဒီနိုင်ငံထဲမှာ ရှိနေတုန်းပဲ.. အဲ့ကိစ္စဖြစ်ပြီး နှစ်လလောက်ကြာမှ နိုင်ငံခြားသွားခဲ့တာ..”

“အဲ့လိုဆိုရင်တောင် တခြားလူတွေ သူ့အကြောင်းပြောတာ မကြားခဲ့ဖူးဘူး.. အစ်ကို မန်နေဂျာဖြစ်လာပြီးနောက် ဘယ်မိန်းကလေးသရုပ်ဆောင်ကိုမှ တာဝန်မယူဖြစ်ခဲ့ဘူး..” ကျန်းချင်းယွင်က နဉ်ရှီကို လှည့်ကြည့်ကာ.. “မင်းက ပထမဆုံးလက်ခံခဲ့တဲ့ မိန်းကလေးသရုပ်ဆောင်ပဲ.. ပြီးတော့ ငါတို့နိုင်ငံခြားမှာရှိတုန်းက မင်းက မြင်လိုက်တဲ့အချိန် သူ(မ)နဲ့ အရမ်းတူတယ်လို့ ခံစားလိုက်ရတယ်.. ဒါပေမဲ့ မင်းက သူ့(မ)ထက် ပိုပြီးဝေးဝေးပြေးနိုင်ပြီး ပိုကောင်းတဲ့ အနာဂတ်မျိုးရဖို့ အစ်ကို မျှော်လင့်တယ်..”

နဉ်ရှီက ကျန်းချင်းယွင်ကို အတော်ကြာအောင် ငေးကြည့်နေပြီးမှာ အကြည့်လွှဲလိုက်မိသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now