Chapter [106] - Extra 3

861 104 14
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၁၀၆) : အချပ်ပို (၃)

Tianya ဖိုရမ်တွင် ပို့စ်တစ်ခု နာမည်ကြီးနေပြီး ကြည့်ရှုသူနှစ်သိန်းကျော်၊ မှတ်ချက် နှစ်ထောင်ကျော် ရရှိနေပြီဖြစ်၏။ ပို့စ်၏ခေါင်းစဉ်ကား ‘အနုပညာလောကသားအနေနဲ့ အနုပညာလောကရဲ့ ချစ်ကြည်နူးနေတဲ့ စုံတွဲတွေအကြောင်း ဖော်ထုတ်လိုက်ကြရအောင်’ ဟူ၍။

ပို့စ်ပိုင်ရှင်၏ စကားအသွားအလာက အလွန်ရယ်မြူးဖွယ်ကောင်း၍ လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထို့အပြင် မျှဝေထားသည့် သတင်းအချက်အလက်များက အမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြစ်ရာ အနုပညာအသိုင်းအဝိုင်းအကြောင်း နားမလည်သော သာမန်လူများအတွက် မယုံကြည်နိုင်ဖွယ်အတိ။

Weibo ပေါ်တွင် တီတီတာတာ တင်လေ့ရှိသော စုံတွဲသည် တကယ့်ဘဝတွင် ယောက်ျားက ကလပ်တက်ရတာကို ကြိုက်ပြီး အမြဲတမ်း အပြင်လျှောက်သွားနေတတ်သည်။ သမီးဖြစ်သူကို Weibo ပေါ် အမြဲတင်ကြွားလေ့ရှိသော အမျိုးသားအနုပညာရှင် တစ်ဦးသည် တကယ်တမ်းတွင် ဖိုဝါဒကြီးစိုးသူဖြစ်ပြီး ကလေးကို ဂရုမစိုက်ဘဲ တစ်ချိန်လုံး ဂိမ်းဆော့နေတတ်သည်။ လူသိရှင်ကြား ချစ်ပြကြင်နာပြသည့် တခြားစုံတွဲတစ်တွဲသည်လည်း လက်တွေ့တွင် ပြတ်ဆဲခဲ့တာကြာပြီဖြစ်ပြီး သီးခြားနေထိုင်နေပြီ ဖြစ်သည်။

လူမသိသည့် အချက်အလက်များကို ပိုမိုဖော်ထုတ်နိုင်လေ၊ ပရိသတ်က စိတ်ဝင်စားလေပင်။ ထို့ကြောင့် နှစ်သက်သဘောကျရသည့် အနုပညာရှင်အကြောင်း ဖော်ထုတ်ပေးရန် တောင်းဆိုလာကြသည့် ပရိသတ်များပင် ရှိလာသည်။ တောင်းဆိုခံရသည့် စာရင်းတွင် နဉ်ရှီသည် ထိပ်ဆုံးနေရာ၌ ရပ်တည်နေ၏။

တရုတ်ပြည်၏ ထင်ရှားကျော်ကြားသော မျိုးဆက်သစ်အနုပညာရှင်များအနက် နဉ်ရှီသည် သရုပ်ဆောင်ကောင်းရုံသာမက သူမ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများလည်း နာမည်ကြီးသည်။ နိုင်ငံရပ်ခြားသွားပြီး ကော်ဇောနီပေါ် လျှောက်လှမ်းနိုင်သော်လည်း ပြင်ပမီဒီယာများ သတိမပြုမိသည့် အနုပညာရှင်များလို မဟုတ်ပါဘဲ နဉ်ရှီက နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့သည်။

🎉 You've finished reading နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️ 🎉
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now