Chapter [90]

679 96 2
                                    

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၉၀)

ချန်းရှီကွေ့သည် အမြဲတမ်း ရုပ်တည်သူဖြစ်၏။ ဤသည်ကို နဉ်ရှီ သိပါသော်ငြား ယခုတော့ ဘာကြောင့်ရယ်မသိ တစ်ခုခုထူးဆန်းနေသလို ခံစားနေရသည်။ အသံတိတ်နေပုံက ခါတိုင်းနှင့်မတူပါဘဲ သူမကို ထုတ်မပြောရက်သဖြင့် သူ့ဘာသာ ထိန်းချုပ်ထားရဟန်။

နဉ်ရှီသည် စောင်ကိုဖယ်ပြီး အိပ်ရာပေါ်မှ ဆင်းလာလိုက်သည်။ ပြီးနောက် ချန်းရှီကွေ့ထံ လျှောက်သွားကာ သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ချန်းရှီကွေ့၏လက်က အေးစိမ့်နေသဖြင့် အအေးဓာတ်က သူမ၏နှလုံးသားထဲ စိမ့်ဝင်လာသလို နဉ်ရှီ တုန်ယင်သွားရသည်။

“ရှီကွေ့..?”

ချန်းရှီကွေ့က အခန်းထဲဝင်လာပြီး တံခါးကို ပိတ်လိုက်သည်။ ပြီးနောက် နဉ်ရှီကို စိုက်ကြည့်လာသည်။ “လူတစ်ယောက်နဲ့ သွားတွေ့တာ..”

“ဘယ်သူလဲ..?” နဉ်ရှီက ပြုံးလျက် ချန်းရှီကွေ့ကို မော့ကြည့်လိုက်သည်။

“ကျင်းယွမ်ဖုန်း..”

“ဪ.. သူလား..” နဉ်ရှီက ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူမ၏ ရယ်သံက အခန်းထဲတွင် ပျံ့လွင့်နေလေသည်။ “ဘာလို့ ရှင့်ကို တွေ့ချင်တာတဲ့လဲ..? ကွာရှင်းမယ့်ကိစ္စကြောင့်လား..?”

ချန်းရှီကွေ့က ပြန်မဖြေပေ။ နဉ်ရှီ၏လက်ကို လွှတ်ကာ ပြတင်းပေါက်အနား လျှောက်သွားသည်။ အပြင်ဘက်တွင် လမ်းမီးတိုင်များဖြင့် လင်းထိန်နေသော်ငြား အလင်းမရောက်နိုင်ဘဲ အမှောင်ရိပ်ကျနေသည့် ထောင့်နေရာတချို့လည်း ရှိနေသည်။ နဉ်ရှီ၏ပုံရိပ်က ပြတင်းပေါက်မှန်ပေါ်တွင် ထင်ဟပ်နေလေသည်။ ချန်းရှီကွေ့သည် ထိုပုံရိပ်လေးကို ငေးကြည့်နေသော်လည်း နောက်မလှည့်ခဲ့ပေ။

ချန်းရှီကွေ့ လက်လွှတ်လိုက်ချိန်တွင် နဉ်ရှီသည် သူ၏အနောက်သို့ လိုက်မသွားခဲ့ပေ။ ထိုနေရာတွင်သာ အသံတိတ် မတ်တပ်ရပ်နေပြီး စကားတစ်ခွန်းမျှမပြောဘဲ သူ၏ကျောပြင်ကို ငေးကြည့်နေခဲ့သည်။

“သူ ကိုယ့်ကိုရှာတာ ကွာရှင်းမယ့်ကိစ္စကြောင့်မဟုတ်ဘူး.. မင်းအကြောင်းပြောတာ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now