Chapter [27]

1.2K 138 14
                                    

[Unicode]

အခန်း(၂၇) – အလည်အပတ်

ပြောနေသည့်အကြောင်းအရာက ခန္ဓာကိုယ်အတွင်း ပေါက်ကရအစားအသောက်တွေ[1]၏လွှမ်းမိုးမှုကနေ လူတိုင်းပြည်ပရောက်နေချိန် အမိမြေ၏အစားအသောက်က သူတို့အ‌ပေါ်မည်မျှဆွဲဆောင်မှုရှိသည့် အကြောင်းသို့ရောက်သွားလေ၏။

“ကျွန်မကျောင်းအပြင်မှာ အချိန်ပိုင်းအလုပ်လုပ်တုန်းက‌ဆို သူငယ်ချင်းတွေအများကြီးနဲ့သိခဲ့တယ်...ဘာလို့ဆို ဟော့ပေါ့ချက်နိုင်လို့လေ...ကျွန်မတို့အခုထိ အဆက်အသွယ်ရှိတုန်းပဲ” နဉ်ရှီက ကူကယ်ရာမဲ့စွာဖြင့် ပြောသည်။ “ဒီသူငယ်ချင်းတွေထဲက တော်တော်များများက ဖျော်ဖြေရေးလုပ်ငန်းမှာ အောင်မြင်နေကြပြီဆိုပေမဲ့ ကျွန်မသူတို့ကိုဆက်သွယ်တဲ့အချိန်တိုင်း ဟော့ပေါ့အကြောင်း မပြောဘဲမနေကြဘူး။ ဒီဟာက ကျွန်မတို့တရုတ်အစားအစာက ဘယ်လောက်ဆွဲဆောင်နိုင်လဲဆိုတာ ပြနေတာပဲ”

“ဒါဆိုရင် သူတို့အဲ့အစားအစာစားလို့ရအောင် ဒီကိုလာပြီး ငါတို့နဲ့လာပျော်ဖို့ ပြောလို့ရတာပဲ” ကျောက်မင်က နိုင်ငံကြီးသားပီသစွာဖြင့် သူ့လက်ကိုစားပွဲနှင့်ရိုက်လိုက်သည်။ “ငါတို့ရဲ့ကြီးမြတ်တဲ့နိုင်ငံမှာ ဘာမဆိုလက်ခံနိုင်တယ်...ဒါပေမဲ့ စားလို့မရတဲ့အရာတော့မဟုတ်ဘူးပေါ့”

“ဟုတ်ပါပြီ” နဉ်ရှီပြုံးလိုက်သည်။ “အဲ့အချိန်ရောက်လာရင် အစ်ကိုကျောက်က hostအနေနဲ့ သရုပ်ဆောင်ရမယ်”

“ဟုတ်တယ်,ဟုတ်တယ်, အစ်ကိုကျောက်က host ဖြစ်ရမယ်”

အခြားဧည့်သည်တွေက ဖောလိုးလိုက်ပေးရင်း လေထုကိုတက်ကြွလာစေရန် လှုံ့ဆော်ပေးလိုက်၏။ အစီအစဉ်ကအဆုံးကိုရောက်လာသော်လည်း လူတိုင်းက သူတို့လုံလုံလောက်လောက် စကားမပြောခဲ့ရသလို ခံစားနေရသည်။

“ပြောရမဲ့အကြောင်းတွေကတော့ အဆုံးကိုမရှိဘူး ဒါပေမဲ့ အချိန်ကကန့်သတ်ထားတယ်...ရှိုးကအဆုံးသတ်ခါနီးနေပါပြီ” ကျောက်မင်က ကင်မရာပေါ်တွင် ဝမ်းနည်းသည့်အမူအရာ လုပ်ပြလိုက်သည်။ “ကျွန်တော်တို့ လုပ်နေကျ အလေ့အထအတိုင်း ဒီနေ့မှာဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့အထူးဧည့်သည်ကို တစ်မိနစ်အချိန်ပေးရမှာပဲဖြစ်ပါတယ်...မဟုတ်ရင် သူမကအထူးဧည့်သည်ဘယ်ဖြစ်တော့မလဲ...ဟုတ်တယ်မလား?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now