Chapter [79]

804 123 6
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၉)

ညနေခင်း ဓာတ်ပုံရိုက်ကွင်းသည် ရှောရှောရှူရှူ ပြီးဆုံးသွားခဲ့သည်။ ကင်မရာရှေ့ ကိုယ်ဟန်အမျိုးမျိုး လုပ်ပေးနေသော နဉ်ရှီကို ကြည့်ရင်း ကျန်းချင်းယွင်မှာ စိတ်မသက်မသာ ဖြစ်လာသည်။

ယနေ့ 5 နာရီခွဲသည်နှင့် နဉ်ရှီ၏ သတင်းကြာင့် မုန်တိုင်းထန်တော့မည်ဆိုတာ သူ သိသည်။ အရာအားလုံး ပြီးဆုံးသွားချိန်တွင် ဤအနုပညာလောကထဲ နဉ်ရှီ ဆက်နေပါဦးမလား သိချင်လာမိ၏။

သူ နဉ်ရှီနှင့် စာချုပ်ချုပ်ခဲ့စဉ်က အမျိုးသမီးအနုပညာရှင်တစ်ဦးကို နိုင်ငံတကာတန်းဝင် ကျော်ကြားလာသည်အထိ မြေတောင်မြှောက်ပေးချင်ခဲ့သည်။ သို့သော် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာခါမှ ထိုမင်းသမီးက သူမဟာ သရုပ်ဆောင်ဝါသနာပါ၍ အနုပညာလောကထဲ ဝင်ရောက်လာခြင်းမဟုတ်ဘဲ ကျော်ကြားမှုကို လိုချင်၍သာ ဝင်ရောက်လာခြင်းဟု ထုတ်ပြောလာသည်။

ထိုအကြောင်း ပြန်တွေးနေမိရင်း ကျန်းချင်းယွင်တစ်ယောက် သူ့ကိုယ်သူသာ ပြုံးလိုက်မိသည်။ တကယ်တော့ နဉ်ရှီ သူ့ကို အစကတည်းက မလိမ်ညာခဲ့ပေ။ သူမက အောင်မြင်မှုနှင့် ပိုက်ဆံအတွက် အနုပညာလောကထဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူ့ကို တစ်ခါပြောဖူးသည်။ ထိုစဉ်က သူ၏စိတ်ထဲတွင် နဉ်ရှီ နောက်ပြောင်နေတာဟူ၍ ထင်မှတ်လိုက်ပြီး လုံးဝအတည်မယူခဲ့မိပေ။

လောကတွင် မည်သည့်အနုပညာရှင်ကများ ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုကို မလိုချင်ဘဲနေမည်နည်း။ သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်နေသရွေ့ မအောင်မြင်စရာ အကြောင်းမရှိပေ။

သို့သော် နဉ်ရှီကရော... တကယ်ပဲ အနုပညာအလုပ်ကို နှစ်သက်ခဲ့ပါ၏လော။

"နဉ်လောင်ရှီး.. ပင်ပန်းသွားပြီ.." ရိုက်ကွင်းပြီးနောက် ကင်မရာမန်းက နဉ်ရှီကို ပြုံးပြကာ.. "ကင်မရာရှေ့က နဉ်လောင်ရှီးရဲ့ ပို့စ်တွေက အရမ်းမိုက်တာပဲ.."

"ရှင်တို့ သေချာညွှန်ကြားပေးလို့ပါ.." နဉ်ရှီက နှိမ့်ချစွာပြုံးရင်း ရိုက်ကွင်းအဖွဲ့သားများကို နှုတ်ဆက်ကာ ကျန်းချင်းယွင်နှင့် ပြန်သွားလေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now