Translated by Melinoe_Megami
[Unicode]
အခန်း - (၄၅)
ထောင်ဟွေ့ရွှယ်သည် ဤအမျိုးသမီးတစ်စု သူမ၏ကံဆိုးမှုကို ဝမ်းသာအားရနေကြမှန်း သိလိုက်သည်။ သူမက သူမနှင့် နေ့ခင်းနေ့လည် လက်ဖက်ရည်သောက်ရန် ဝိုင်းဖွဲ့နေသော သူဌေးကတော်များကို ဝေ့ကြည့်လိုက်ကာ..
“အမျိုးကောင်းသားတစ်ယောက်က မိန်းမလှလေးနဲ့မှ လိုက်ဖက်ညီမှာပေါ့.. ပိုးပန်းသူတွေ အများကြီးရှိတယ်ဆိုတော့ အဲ့မိန်းကလေးက အတော်လေး ဆွဲဆောင်မှုရှိပုံပဲ..”
“ချန်းကတော်က အရမ်းစိတ်ထားကောင်းတာပဲနော်.. ရှင်တို့မိသားစုက ချမ်းသာပြီး ဩဇာအာဏာကြီးတယ်လေ.. ရှီကွေ့အနား ချဉ်းကပ်လာတဲ့ မိန်းကလေးတွေမှာ ဘယ်လိုအကြံအစည်မျိုး ရှိနေမလဲဆိုတာ ဘယ်သူသိတာမှတ်လို့..?” အမျိုးသမီးကြီးတစ်ယောက်က သတိပေးလာသည်။ “အဲ့လိုမိန်းကလေးမျိုးသာ မိသားစုထဲရောက်လာရင် တကယ့်ကို ဦးနှောက်ခြောက်စရာပဲ..”
“ငါ့တို့ရှီကွေ့က ဒီလောက်ချောတာ.. ဘာလို့ စိုးရိမ်နေရဦးမှာလဲ..?” ထောင်ဟွေ့ရွှယ်က စိတ်အေးလက်အေး ပြုံးလိုက်ရင်း.. “ပြီးတော့ ပိုက်ဆံနဲ့အာဏာ ဆိုတာလည်း သူ့ရဲ့ ဆွဲဆောင်မှု တစ်စိတ်တစ်ပိုင်းပဲလေ..”
သူဌေးကတော်များလည်း သူတို့၏ ခနဲ့တဲ့တဲ့စကားလုံးများဖြင့် ရန်စ၍မရသော ထောင်ဟွေ့ရွှယ်ကိုကြည့်ကာ စကားဆက်ပြောချင်စိတ် မရှိတော့ပေ။ လက်ဖက်ရည်ဝိုင်းကိုပါ စိတ်ကုန်သွားကြသည်။
အကုန်လုံး အိမ်ပြန်ကြတော့မည့်အချိန် သူဌေးကတော်တစ်ယောက်က ထောင်ဟွေ့ရွှယ်ကို သူမအနားဆွဲကာ တီးတိုးပြောခဲ့သည်။
“သူတို့ပြောတာတွေကို စိတ်ထဲထားမနေနဲ့.. အဲ့မိန်းမတွေက ပါးစပ်ကသာ ပရမ်းပတာ လျှောက်ပြောနေကြတာ.. နောက်ကွယ်မှာကျ သူတို့သားတွေကို ရှီကွေ့လို ဖြစ်စေချင်နေကြတာလေ..”
“ငါသိပါတယ်.. ငါက သူတို့တွေ ဘာမှမလုပ်နိုင်ဘဲ မနာလိုဖြစ်နေကြတာကို ထိုင်ကြည့်ချင်ရုံပါ..” ထောင်ဟွေ့ရွှယ်က ရယ်ကာမောကာဖြင့် ထိုအမျိုးသမီး၏လက်ကို ပုတ်လိုက်ရင်း.. “အိမ်ပြန်ရတော့မယ်.. နောက်တစ်ခေါက်မှ အေးဆေးစကားပြောကြတာပေါ့..”
YOU ARE READING
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️
幻想Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(completed) I do not own any of this novel. All credits go to original author. Collaborative Work!!!