Chapter [33.1]

1K 140 0
                                    

[Unicode]

[T/N: ဒီအပိုင်းကစပြီး စိတ်ထဲကတွေးတာတွေဆို*လေးပြထားပါမယ်။ အရင်အပိုင်းတွေမှာ စောင်းစောင်းလေးရေးထားပေမဲ့ ကော်ပီလိုက်ရင် ပျောက်"သွားလို့ပါ༎ຶ⁠‿⁠༎ຶ]

မလာခင်က ပိုင်လုဟာ နဉ်ရှီကို ပြင်တတ်ဆင်တတ်သော အမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်ကြည့်ခဲ့သည်; လှတော့လှပါသည် သို့သော် သံသယဖြစ်ဖွယ်ရာ အပြုအမူနှင့်ပေါ့။

သို့သော်ငြား သူမတကယ့်လူကိုတွေ့ပြီးနောက်တွင်တော့ လူတစ်ယောက်၏စရိုက်ကို သူမ၏မလိုတရား‌အပေါ်ကြည့်ပြီး ဝေဖန်မိခဲ့မှန်း နားလည်လိုက်သည်။ နဉ်ရှီကအမှန်ပင် လှပပေသည် သို့သော် မမော်ကြွားတတ်။ သူမမျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် နဉ်ရှီသည် တကယ်တော့ လှပကာ ဩဇာတိက္ကမနှင့်ပြည့်စုံသော အမျိုးသမီးတစ်ယောက်ပင်ဖြစ်လေသည်။

ဤအမျိုးသမီးကိုမုန်းသင့်သည်ဟု သူမဦးနှောက်ကသိနေသော်လည်း သူမနှလုံးသား၏အနက်ရှိုင်းဆုံးတွင်တော့ အနှီအမျိုးသမီးကို အတင်းအကြပ် မမုန်းပစ်နိုင်ချေ။

"သတိထား!" သူမ၏ဆန့်ကျင်ဘက်တွင် ထိုင်နေသည့်နဉ်ရှီက ရုတ်တရက်မတ်တပ်ရပ်လိုက်ကာ သူမလက်ကိုသုံး၍ ပိုင်လု၏ခေါင်းထက်‌ပေါ် ကျလာ‌တော့မည့် တစ်စုံတစ်ခုကို ကာဆီးလိုက်သည်။ သူမလှည့်ကြည့်လိုက်သောအခါဝယ် မြေပြင်ပေါ်ကျလာသည်က ဝါးတိုင်တစ်ချောင်းပင်။ ထုတ်လုပ်ရေးအဖွဲ့က နဉ်ရှီသုံးရန်ပြင်ထားသော ရိုက်ကူးရေးအသုံးအဆောင်ပစ္စည်းပင် ဖြစ်တန်လိမ့်မည်။

"နင်အဆင်ပြေရဲ့လား?" ပိုင်လုက နဉ်ရှီအခုလေးတင် အားအနည်းငယ်သုံးလိုက်တာကို မြင်လိုက်ပြီး အားတုံ့အားနာဖြစ်သွားရသည်။

"အဆင်ပြေပါတယ်" နဉ်ရှီက သူမလက်‌မောင်းကို မမြင်စေရန်အလို့ငှာ လက်ယမ်းလိုက်သည်။ "ရိုက်ကွင်းမှာက အသုံးအဆောင်ပစ္စည်းအစုံအလင် ရှိနေတာလေ ပြီးတော့ ဒီနေ့မှာ အကုန်လုံးက ဇာတ်ကွက်ပေါင်းများစွာကို အဆက်မပြတ် ရိုက်ထားရတော့ အသုံးအဆောင်ပစ္စည်းတွေကို ထိန်းရတဲ့ဆရာက အားလုံးကို အချိန်မီ မသိမ်းလိုက်နိုင်ဘူး။ ခုနက နင်တအားမလန့်သွားဘူးလို့ မျှော်လင့်တာပဲ"

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now