Chapter [69.1]

855 125 0
                                    

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၉/၁)

“The Unrivalled” ကို လွန်ခဲ့သော သုံးနှစ်ခန့်က ထုတ်လွှင့်ခဲ့ပြီး Box Office တွင် 1.5 billion Dollars ကျော် ဝင်ငွေရခဲ့၏။ ကမ္ဘာတဝှမ်းမှ Box Office ဝင်ငွေသည် တခြားရုပ်ရှင်များတွင် ရင်းနှီးမြှုပ်နှံထားသူများအတွက်တော့ မနာလိုလောက်စရာ ငွေကြေးပမာဏပင်။

ပထမရုပ်ရှင်၏ အောင်မြင်မှုအရှိန်ကြောင့် သိပ်မကြာခင်မှာပင် နောက်ဆက်တွဲရိုက်ကူးရန် ရင်းနှီးမြှုပ်နှံမှုများ ရှိလာတော့သည်။ သို့သော် ရိုက်ကူးပြီးနောက် စီစစ်တည်းဖြတ်နေဆဲ အချိန်မှာပင် ရင်းနှီးမြှုပ်နှံသူများဘက်မှ ပြဿနာတချို့ ရှိလာသဖြင့် ‘The Unrivalled 2’ ထုတ်လွှင့်ရန် အခက်အခဲ ဖြစ်လာခဲ့သည်။ သို့နှင့် လက်ရှိအချိန်ထိ ထုတ်လွှင့်မှုကို ရွှေ့ဆိုင်းထားရခြင်းပင်။

ပရိုဂျူဆာများက Box Office တွင် ‘The Unrivalled 2’ ရလဒ်မကောင်းမှာကို စိုးရိမ်နေသဖြင့် Box Office ၏ အကြီးမားဆုံး ဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် မားကတ်တင်းလုပ်ရန် အားစိုက်ထားကြပြီး ရုပ်ရှင်အတွက် ပရိုမိုးရှင်းဆင်းရန် ရုပ်ရှင်အဖွဲ့တစ်ခုလုံးကို တရုတ်ပြည်သို့ စေလွှတ်လိုက်သည်။

‘The Unrivalled 2’ ရုပ်ရှင်သရုပ်ဆောင်များအတွက် တရုတ်ပြည်သို့ ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ သူတို့၏ စိတ်ထဲတွင် တရုတ်ပြည်သည် လူဦးရေများပြားကာ ကုန်းမြေကျယ်ပြန့်သော၊ သမိုင်းကြောင်းရှည်လျားပြီး ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော နိုင်ငံတစ်ခု၊ သို့သော် ထို့ထက်ပို၍ ဘာမှမသိထားကြပေ။

ရုပ်ရှင်အဖွဲ့သားများ လေယာဉ်ဆိုက်ရောက်ချိန်တွင် သူတို့ကို ကြိုဆိုနေသော သတင်းထောက်များထံမှ ပိုစတာများ၊ စာတန်းလှလှလေးများဖြင့် ဝန်းရံနေတော့သည်။ အဖွဲ့သားများလည်း ပျော်ရွှင်စွာ ပြုံးလိုက်ကြသည်။

တရုတ်ပရိသတ်များသည် တကယ့်ကို စိတ်အားထက်သန်ပြီး ချစ်စရာကောင်းလွန်းသည်။

“ငါတို့ပရိသတ်တွေက ဒီလောက်တောင် ရှိတာလား..? Hart ရေ.. နင့်ကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် လက်ဝှေ့ယမ်းပြနေတယ်..” ခေါင်းဆောင်မင်းသမီးဖြစ်သည့် Juliana သည် ဤမျှဝေးကွာသော အရှေ့တိုင်းနိုင်ငံ၌ သူမကို ကြိုက်နှစ်သက်သော ပရိသတ်အများကြီး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရင်ထဲထိသွားပြီး စာတန်းများ ကိုင်ဆောင်ထားကြသော ပရိသတ်များထံသို့ Fly kiss ပေးလိုက်သည်။ ထို့နောက် တရုတ်စာမတတ်တခေါက်ဖြင့် ကျေးဇူးတင်ကြောင်း ပြောတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now