Chapter [75.1]

860 118 3
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၅/၁)

(TN : ဆွေစဉ်မျိုးဆက် မေ့နေကြမှာစိုးလို့။ ချန်းရှီကွေ့ရဲ့ အမေနာမည်က ထောင်ဟွေ့ရွယ်ပါ။ ကျင်းချန်ရဲ့ အမေ ထောင်မင်ယက ထောင်ဟွေ့ရွှယ်ရဲ့ ညီမဖြစ်ပြီး ကျင်းယွမ်ဖုန်းရဲ့ ဇနီးပါ။ ကျင်းရီရဲ့အဖေ ကျင်းဟုန်ခိုင်ကတော့ ကျင်းယွမ်ဖုန်းရဲ့ညီပါ။)

ကျင်းချန်၏ စကားကြောင့် ချန်းရှီကွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်လိုဖြစ်ကြတာလဲ..?”

ချန်းရှီကွေ့ မေးလိုက်သောအခါ ကျင်းချန်၏ မျက်နှာက စိတ်ရှုပ်ထွေးသွားဟန်။ အတော်ကြာ အသံတိတ်နေသည့်တိုင် ဘာမှမပြောဘဲ ခေါင်းခါနေခဲ့သည်။ “သူတို့ဆက်ဆံရေးက အဆုံးသတ်သွားပြီ.. ဒီနှစ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် သည်းခံချင်စိတ်တောင် မရှိကြတော့ဘူး.. ကျွန်တော် ဒီနေ့လာတာက အမေ အကူအညီတောင်းခိုင်းလိုက်လို့ပါ..”

လက်ထပ်သက်တမ်း နှစ် ၃၀ နီးပါး ရှိနေပြီဖြစ်သည့် လင်မယားအနေဖြင့် နှစ်ဦးပိုင်ဝယ်ထားသည့် ပိုင်ဆိုင်မှုများစွာ ရှိနေသည်။ သို့ဖြစ်ရာ သူတို့နှစ်ဦး ကွာရှင်းကြလျှင် အနှီပိုင်ဆိုင်မှုများအတွက် အချေအတင်ဖြစ်ကြမည်မှာ မလွဲဧကန်ပင်။

ကျင်းချန်၏ အမေသည် သူမကြောင့် သူမ၏မိဘအိမ် မျက်နှာငယ်ရသလို ခံစားနေရသဖြင့် အကူအညီတောင်းရန် ရှက်ရွံ့နေလေသည်။ သို့သော် ကျင်းချန်ကတော့ သူ့အမေ ဘာမှမရဘဲ ကွာရှင်းရမည်ကို ထိုင်မကြည့်နေနိုင်ပေ။ သူမက ကျင်းမိသားစုအတွက် နှစ်ပေါင်းများစွာ အချိန်ရောလူပါ မြှုပ်နှံခဲ့ရသည်မဟုတ်ပါလား။

ထို့ကြောင့် အစ်ကိုချန်းက သူ၏ အကောင်းဆုံးရွေးချယ်မှုပင်။

ထိုအခိုက် ခြေသံတချို့ ထွက်ပေါ်လာသည်။

ကျင်းချန် လှည့်ကြည့်လိုက်သောအခါ လှေကားရင်းတွင် ဘာမှမပြောဘဲ မတ်တပ်ရပ်နေသော နဉ်ရှီကို မြင်လိုက်ရ၏။ သူမက မျက်နှာပြောင်လေးဖြင့် အရောင်ဖျော့ဖျော့ ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now