Chapter [70]

931 136 2
                                    

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၇၀)

အခမ်းအနား တက်ရောက်လာသော ပရိသတ်များနှင့် သတင်းထောက်များမှာ အံ့ဩလွန်း၍ ကြောင်အမ်းသွားကြရ၏။ တစ်ခဏကြာပြီးမှ အသိပြန်ကပ်လာကြသည်။

မားကတ်တင်းကုမ္ပဏီတွေရဲ့ နည်းလမ်းတွေက အရင်ကထက်ပိုပြီး လှည့်ကွက်များလာလိုက်တာ။ ဒီလောက်အရေးကြီးတဲ့ သတင်းကို အခုချိန်မှ ထုတ်လွှင့်နိုင်ဖို့ဆိုတာ အချိန်အကြာကြီး စိတ်ရှည်ရှည်နဲ့ သည်းခံခဲ့ရမှာပဲ။ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်ကိုလည်း လုံးဝပရိုမိုးရှင်းမဆင်းဘဲ ဘယ်သူမှမသိအောင် ဖုံးကွယ်ထားသေးရဲ့..!

တကယ်တော့ တရုတ်ကိုယ်စားလှယ်ခမျာ တစ်ယောက်တည်းကြိတ်ပြီး ရူးမတတ် နောင်တရနေရှာသည်။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ဘာလုပ်နေကြတာလဲ..? အစကတည်းက ဒီကိစ္စအကြောင်း ပြောပြထားသင့်တာလေ၊ အဲ့တာမှ သူတို့လည်း နဉ်ရှီရဲ့ ကျော်ကြားမှုကို အမှီသဟဲပြုပြီး ရုပ်ရှင်နာမည်ပိုကြီးအောင် ပရိုမိုးရှင်းဆင်းထားလို့ ရတာပေါ့။ ဒီလိုသိသာတဲ့ အမှားမျိုး ဖြစ်လာတာဆိုတော့ ပရိုဂျူဆာတွေ တမင်ရည်ရွယ်ပြီး ဖုံးကွယ်ထားတာလား၊ ဒါမှမဟုတ် တခြားအကြောင်းအရင်းတွေကြောင့်လား.. စဉ်းစားစရာပဲ..!

ပရိုဂျူဆာများအပေါ် ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ၊ ထိုလူများကို ဆန့်ကျင်ရန် မဖြစ်နိုင်ကြောင်း သူကိုယ်တိုင်လည်း သိနေသည်။ မဟုတ်လျှင် ပရိသတ်များ၏ တံတွေးပင်လယ်ကြား နစ်သေသွားလိမ့်မည်။ သို့နှင့် ပရိုဂျူဆာလည်း ဖျစ်ညှစ်ပြုံးကာ လူတစ်ယောက်ချင်းစီ၏ မျက်နှာအမူအရာကို ဆန်းစစ်ကြည့်လိုက်သည်။

“ကျင်းရီ.. နင့်ကို တကယ်ကျေးဇူးတင်တာပဲ.. နင့်ကြောင့်သာမဟုတ်ရင် ငါတို့ ဒီနေရာကို ဝင်ခွင့်ရမှာမဟုတ်ဘူး..” အပြာရောင် ကုတ်အင်္ကျီဝတ်ထားသည့် မိန်းကလေးတစ်ဦးက ကျင်းရီဘက်လှည့်ကာ.. “နင်က အရမ်းမိုက်တာပဲ.. ဒီတစ်ခေါက် ဝင်ခွင့်လက်မှတ်ဝယ်ဖို့ အရမ်းခက်တာတဲ့.. သူဌေးသမီးတစ်ယောက်တောင် အတင်းလိုက်ဝယ်တာ မရဘူးတဲ့လေ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now