Chapter [62.2]

922 128 3
                                    

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၂/၂)

အရာအားလုံးသိနေပြီး နှုတ်ဆိတ်နေရသူ တစ်ယောက်အတွက် Bouncing Bear မှာ ချန်းရှီကွေ့၏ Post ကို မြင်သောအခါ ထခုန်မိလုမတတ် ဖြစ်သွားရ၏။ တခြားလူတွေ မသိလောက်ပါသော်လည်း သူမကတော့ ရှင်းရှင်းလင်းလင်း သိနေသည်။ Boss ချန်းက နဉ်ရှီအား သွားပုပ်လေလွင့် ပြောနေသူများကို ထိုဓာတ်ပုံများကြောင့် သူ့စိတ်ထဲ ဘယ်လိုမှမနေကြောင်း ပြောလိုက်ခြင်းပင်။

Wow.. ဘယ်လောက်တောင် အချစ်ရိပ်တွေ ပြည့်လျှံနေလိုက်သလဲ..!!!

ပထမ Post ၏ဆိုလိုရင်းကို အင်တာနက်သုံးစွဲသူများ အဖြေရှာနေစဉ်မှာပင် ချန်းရှီကွေ့က နောက်ထပ် Post တစ်ခု ထပ်တင်လာသည်။

ချန်းရှီကွေ့ : “ရှီရှီအတွက် စိတ်ပူပေးနေတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် သူ(မ)ကို သေချာဂရုစိုက်လိုက်ပါ့မယ်။”

အင်တာနက်သုံးစွဲသူများ : ???

ချန်းလုပ်ငန်းစု၏ ဥက္ကဋ္ဌကြီးသည် စိုးရိမ်ပူပန်နေသော နဉ်ရှီ၏ပရိသတ်များကို ပြန်လည်ဖြေကြားပေးရုံမက နဉ်ရှီအား ‘ရှီရှီ’ဟုပင် ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ ထိုကိစ္စနှင့်ပက်သက်၍ တစ်ခုခုရှိနေမည်မှာ မလွဲဧကန်။ ပရိသတ်များလည်း စိတ်အေးအေးထားပြီး လိုက်လျောညီထွေနေရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ဉာဏ်ကောင်းတဲ့ အတွင်းလူ : “ဘာတွေဖြစ်နေမှန်း မသိသေးတဲ့ ဘော်ဒါတို့ရေ.. နဉ်ရှီကို လှောင်ပြောင်သရော်ထားတဲ့ Comment တွေကို သွားရှာကြည့်လိုက်။ အဲ့မှာ ‘ဒီကိစ္စတွေကြောင့် နဉ်ရှီရဲ့ ကောင်လေး စိတ်သောကရောက်နေမလား..’ ‘နဉ်ရှီရဲ့ အနုပညာရှင်မဟုတ်တဲ့ ရည်စားရေ.. ဒီလိုရုပ်ဆိုးဆိုးပုံတွေမြင်ပြီး မင်းတို့မွေးလာမယ့် ကလေးအတွက် စိုးရိမ်နေပြီလား..’ စတဲ့ Comment တွေ တွေ့လိမ့်မယ်။ အဲ့ကနေပြီး ဆက်စပ်ကြည့်လို့ရတယ်နော်။

Anti-fan တွေက 'နဉ်ရှီရဲ့ကောင်လေး စိုးရိမ်နေမလား..?' လို့မေးတော့ ချန်းရှီကွေ့က ရုတ်တရက်ကြီး 'သူ့နှလုံးသားက ကြည်လင်နေပါတယ်..'လို့ ထတင်လာတယ်။ အဲတော့……. ချန်ရှီကွေ့က နဉ်ရှီရဲ့ အနုပညာရှင်မဟုတ်တဲ့ ချစ်သူကောင်လေးဆိုတဲ့ သဘောမဟုတ်ဘူးလား..?!

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now