[Unicode]
အခန်း(၁၉) — အကြံအစည်
နှစ်သစ်၏ပထမရက်တွင် အင်တာနက်က အတော်လေး သက်ဝင်လှုပ်ရှားနေသည်။ ပျင်းရိကာ အလုပ်အကိုင်မရှိ အားယားနေကြသည့် အင်တာနက်အသုံးပြုသူများက နှစ်သစ်ကူးပွဲတော်တွင် lip-syncခဲ့ကြသည့် အနုပညာရှင်များ၏စာရင်းကို ဆက်တိုက်ပို့စ်တင်နေခဲ့သည်။ ထိုစာရင်းတွင် ကျိုးကျန်းချွမ်ကပါနေခဲ့၏။
[T/N - Lip-syncက artistတစ်ယောက်က ကြိုတင်အသံသွင်းပြီး အဲ့အသံနဲ့အညီ နှုတ်ခမ်းလှုပ်ရုံဆိုတာကို ပြောတာပါ]Anti-fanများ၏ ပြင်းထန်သည့်အတိုက်အခံပြုမှုများကြောင့် ဤအနုပညာရှင်တွေက သူတို့အလုပ်နှင့် ပရိသတ်များအပေါ် လေးစားမှုမရှိဟု အပြောခံခဲ့ရသည်။အနုပညာရှင်တွေရဲ့ လုပ်ရပ်တချို့က ရုပ်သံဌာနရဲ့စီစဥ်မှုကြောင့်လား၊ သို့တည်းမဟုတ် ဒါရိုက်တာရဲ့ညွှန်ကြားမှုကြောင့်လားဆိုတာ မတွေးကြတော့ဘူး။ အဓိက,က အနုပညာရှင်၏အပြစ်အနာအဆာကိုအမိဖမ်း၍ သူ့ကိုသေခြင်းတရားဆီ တွန်းပို့ရန်သာဖြစ်သည်။
နဉ်ရှီသတင်းကိုကြားသည့်အချိန် မွန်းလွဲကိုတောင်ရောက်နေချေပြီ။ သူမကျိုးကျန်းချွမ်ကို ဖုန်းခေါ်လိုက်ပြီး သူ့အသံကတော့ပုံမှန်ပါပင်။ သူက ဤဖြစ်ရပ်ကြောင့် စိတ်ဖိစီးနေပုံမပေါ်ပါချေ။
“မင်းမှာစိန်လိုခန္ဓာကိုယ်သာမရှိဘူးဆို ဒီလောကမှာ ဘယ်လိုကျင်လည်လို့ရမှာလဲ?” ကျိုးကျန်းချွမ်က နဉ်ရှီကို တိုက်တွန်းလိုက်သည်။ “အစ်ကို့ကိုစိတ်မပူနဲ့, အစ်ကိုအဆင်ပြေတယ်....ဒီလိုအခြေအနေတွေနဲ့ အသားကျနေပြီးသား”
ဖုန်းချလိုက်ပြီးနောက်တွင် နဉ်ရှီက တွေးဆလျက် မှန်ထဲက သူမကိုယ်ကို စိုက်ကြည့်နေမိ၏။
နွေဦးပွဲတော်ပြီးဆုံးသွားပြီးနောက် အလုပ်သမားများက သူတို့အလုပ်ခွင်ကိုပြန်စကြပြီး ကျောင်းသားများကကျောင်းသွားကြကာ ဘဝကဆက်လက်လည်ပတ်နေ၏။ နဉ်ရှီပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ ‘လှပသော တိမ်တိုက်နီများ’သည် Banana TVနှင့် Tomato Satellite TVများတွင် တင်ဆက်ပြသခဲ့၏။ ဤအဓိကကျသည့် ကွန်ရက်နှစ်ခုဟာ တစ်ချိန်တည်း ထုတ်လွှင့်ကြလေ၏။ ကျို့ကျီဖျော်ဖြေရေးကုမ္ပဏီ၏ကျော်ကြားမှုကြောင့် ဒရမ်မာစတင်ထုတ်လွှင့်ကတည်းက အာရုံစိုက်မှုအများအပြားကို ရရှိနေနှင့်ပြီဖြစ်သည်။
YOU ARE READING
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️
FantasyOriginal Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(completed) I do not own any of this novel. All credits go to original author. Collaborative Work!!!